ကာရင်တန်သို့ ပထမဆုံး အကြိမ် ရောက်လာပြီ ဖြစ်တဲ့ အမ်မိုရင်းနဲ့ လိုက်ပါလာတဲ့ နည်းပြ အဖွဲ့ဝင်များ

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ရူဘန် အမ်မိုရင်းဟာ မနေ့က ကာရင်တန် လေ့ကျင့်ရေးသို့ ပထမဆုံး အကြိမ် ရောက်လာခဲ့ပါတယ်။

အမ်မိုရင်းဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ပြန်လည်ထူထောင်ရေး လေ့ကျင့်နေကြတဲ့ ယိုရို၊ မောင့်၊ မိုင်နူး အစရှိတဲ့ ယူနိုက်တက် ကစားသမားတွေနဲ့ တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

အမ်မိုရင်း ရောက်လာပြီးနောက် နစ္စတယ်ရွိုင်းနဲ့ အခြား နည်းပြ အဖွဲ့ဝင်တွေပါ ထွက်ခွာသွားပြီ ဖြစ်ပြီး ပေါ်တူဂီသား ဟာ သူ့ အဖွဲ့ကို ယူနိုက်တက်သို့ တပါတည်း ခေါ်လာခဲ့ပါတယ်။

လက်ထောက် နည်းပြတွေကတော့ အမ်မိုရင်းရဲ့ လက်ရှိ အစုအဖွဲ့ အတိုင်း Carlos Fernandes, Adélio Cândido နဲ့ Jorge Vital တို့ ဖြစ်ကြပြီး sports scientists တွေ ဖြစ်တဲ့ Paulo Barreira နဲ့ Emanuel Ferro လည်း ပါဝင်လာကြပါတယ်။

စပို့တင်းမှ analyst သမား ရိုဆယ်လင်ဟို ကလည်း နည်းပြ အမ်မိုရင်းရဲ့ အဖွဲ့ထဲ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။