မာလာစီယာ ပွဲပြန်ကန်ခြင်း၊ အဓိက ဖြစ်လာမယ့် အသင်းသား၊ ရူဘင်ဒီယက်စ် ဆုတောင်းစကား၊ ပြန်လာရတဲ့ မာတီနက်ဇ်နဲ့ မန်ယူ သတင်းတိုများ
မန်ယူအသင်းနောက်ခံလူ ဒီလစ် က တန်ဟတ် ထွက်ခွာသွားခဲ့ပေမယ့် မိမိတို့အသင်းက အနာဂတ်ကိုသာ အာရုံစိုက်ထားတာကြောင့် ယခုလို ရလဒ်တွေ မယိမ်းယိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
နည်းပြသစ် အမ်မိုရင်း ရောက်လာပြီးတဲ့နောက် ယူနိုက်တက် တိုက်စစ်သမား မေဆန်မောင့် ဟာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာဖို့ ရှိနေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။
ယူနိုက်တက် နည်းပြသစ် ရူဘန် အမ်မိုရင်းဟာ မနေ့က ကာရင်တန် လေ့ကျင့်ရေးသို့ ပထမဆုံး အကြိမ် ရောက်လာခဲ့ပြီး ထရိနင်မှာ ပြန်လည်ထူထောင်ရေး လေ့ကျင့်နေကြတဲ့ ယိုရို၊ မောင့်၊ မိုင်နူး အစရှိတဲ့ ကစားသမားတွေနဲ့ တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

ဒဏ်ရာကနေ သက်သာလာပြီး ဘောလုံးပွဲတွေနဲ့ ၅၁၇ ရက်ကြာ ဝေးကွာနေခဲ့ရတဲ့ ယူနိုက်တက် ဘယ်အစွန် နောက်ခံလူ မာလာစီယာ ဟာ အင်္ဂါနေ့က ယူနိုက်တက် U21 အသင်းနဲ့ အတူ ဟက်ဒါဖီးအသင်းကို ရင်ဆိုင်တဲ့ EFL Trophy ပွဲမှာ ၄၅ မိနစ်ကြာ ပါဝင် ကစားခဲ့ပါတယ်။
စပို့တင်းမှ analyst သမား ရိုဆယ်လင်ဟို ကလည်း နည်းပြ အမ်မိုရင်းရဲ့ အဖွဲ့ထဲ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။
မန်စီးတီး နောက်ခံလူ ရူဘင်ဒီယက်စ်က “အမော်ရင်အတွက် အဆင်ပြေဖို့ ကျနော် ဆုတောင်းပေးပါတယ်။ ဒါပေမယ့် အရမ်း ကောင်းဖို့တော့ ဆုမတောင်းပေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းနောက်ခံလူ မာတီနက်ဇ် ဟာ ဒဏ်ရာကြောင့် အာဂျင်တီးနား လူစာရင်းမှ နှုတ်ထွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။