ဇက်ဇီး ရောင်းခံရမလား..၊ ပေါ်တူဂီမှာ ဆုရတဲ့ ဘရူနို ဖာနန်ဒက်စ်၊ နားရဦးမယ့် မာတီနက်ဇ်၊ တန်ဟက် အသင်းသစ်နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ဟာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်တဲ့ “ 2024 Quinas de Ouro ” ဆုကို ရရှိခဲ့ပါတယ်။
မန်ယူအသင်းနောက်ခံလူ မာတီနက်ဇ်ရဲ့ ဒဏ်ရာကို ဓါတ်မှန်ရိုက်ကူးခဲ့အပြီးမှာတော့ အာဂျင်တီးနား လူစာရင်းထဲကနေ ပြန်လည်နှုတ်ထွက်ပြီး အချိန်အနည်းငယ် ထပ်မံအနားယူနေရဦးမှာ ဖြစ်ပါတယ်။
နည်းပြသစ် ရူဘင်အမ်မိုရင် ဟာ တိုက်စစ်မှူး ဇက်ဇီးက သူ့အသင်း Project နဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
အကယ်၍ အမ်မိုရင်က ဇက်ဇီး အဆင်မပြေနိုင်ကြောင်း ဆုံးဖြတ်ခဲ့လျှင် ယူနိူက်တက်ဘက်ကလည်း ဇန်နဝါရီတွင် တိုက်စစ်မှူးသစ် ခေါ်ယူနိုင်မည့် အခြေနေပေါ် မူတည်ပြီး ဇက်ဇီးဟာ ဇန်နဝါရီတွင်ပင် အသင်းမှ ထွက်ခွာရနိုင်ချေ ရှိနေပတါယ်။

မန်ယူအသင်း ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ကတော့ နည်းပြသစ် အာမိုရင် အပေါ် အပြည့်အဝ ယုံကြည်ထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
မကြာသေးခင်ကမှ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရတဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ အဲရစ် တန်ဟက် ဟာ လက်ရှိမှာတော့ နည်းပြလက်မဲ့ ဖြစ်နေတဲ့ ရိုးမားအသင်း နည်းပြသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။
လက်ရှိမှာတော့ တန်ဟက် က နယ်သာလန်ဆီ ပြန်လည် ရောက်ရှိနေပြီး သူ့အသင်းဟောင်း အေဂျက်စ်အသင်းရဲ့ ပွဲစဉ်တွေကို လိုက်လံ ကြည့်ရှုနေသလို သူ့ကို ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေကိုလည်း စောင့်ဆိုင်းနေပါတယ်။