စီးတီး အမှုရှုံးတာနဲ့ ဆက်လက်ပြီး တရားဆိုင်ဖို့ ပြင်နေကြတဲ့ မန်ယူနဲ့ EPL အသင်းကြီးများ
မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး၊ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ လက်ရှိ ပရီးမီးယားလိဂ်နဲ့ မန်စီးတီး တရားရင်ဆိုင်နေတဲ့ အမှုမှာ မန်စီးတီး ဘဏ္ဍာရေးချိုးဖောက်ကြောင်း ပြစ်မှု ထင်ရှားရင်း သူတို့က ဆက်လက်ပြီး တရားဆိုင်ဖို့ ပြင်ဆင်နေပါတယ်။
မန်စီးတီးဟာ ၂၀၀၉ ကနေ ၂၀၁၈ အထိ ၉ ရာသီစာ ဘဏ္ဍာရေး စည်းမျဉ်းပိုင်း ချိုးဖောက်မှုကြောင့် အမှုရင်ဆိုင်နေရတာပါ။
အဲဒီကာလတွေအတွင်း မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ ကာရာဘောင်းဖလား ၃ ကြိမ် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ မန်စီးတီးအသင်း အပြစ်ရှိကြောင်း ထင်ရှားမယ်ဆိုရင် ရမှတ် လျော့ခြင်း ပြစ်ဒဏ်မှသည် ပြိုင်ပွဲက ထုတ်ပယ်ခြင်းတွေထိ ပြင်းထန်တဲ့ အရေးယူခြင်းတွေ ရင်ဆိုင်ရနိုင်ပါတယ်။

ထိပ်တန်းကလပ်တွေက မန်စီးတီးထံက ဖလားတွေကို အစားပြန်ယူဖို့ရာ စိတ်ဝင်စားကြခြင်း မရှိဘူးလို့ သိရပေမယ့် မန်ချက်စတာကလပ်ကြောင့် သူတို့ရဲ့ နစ်နာမှုကို အခြားနည်းလမ်းဖြင့် ပြန်ရဖို့ တရားရင်ဆိုင်မှာပါ။
ဒီ ၉ ရာသီအတွင်း ယူနိုက်တက်က ဒုတိယနေရာကနေ ၂ ကြိမ်၊ လီဗာပူးအသင်းက ဒုတိယနေရာက ၁ ကြိမ် ရာသီသိမ်းခဲ့ပြီး စီးတီးကို အရေးယူရင် ရသင့်တဲ့ ချန်ပီယံဆုကြေးတွေကို တောင်းဆိုမှာဖြစ်ပါတယ်။
ဒါ့အပြင် အာဆင်နယ်နဲ့ စပါးတို့ကလည်း အဆင့် ၄ အပြင် ရောက်ခဲ့ခြင်းကြောင့် ဥရောပပြိုင်ပွဲ ဝင်ခွင့်မရခြင်း အတွက် နစ်နာခဲ့ရတဲ့ ငွေကြေးတွေကို တောင်းဆိုပါလိမ့်မယ်။
ဒါကြောင့် အဆိုပါ ထိပ်သီး ၄ သင်းဘက်က တောင်းဆိုမယ့် ငွေကြေးဟာ ပေါင် သန်း ရာနဲ့ချီ ရှိနိုင်တယ်လို့ သိရပါတယ်။