မန်ယူကနေ ထွက်ပြီး သိပ်မကြာခင်ပဲ အသင်းသစ်နဲ့ အတူ နည်းပြလောကထဲ ပြန်ဝင်လာတော့မယ့် နစ္စတယ်ရွိုင်း
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲခဲ့ရပြီ ဖြစ်တဲ့ နစ္စတယ်ရွိုင်း ဟာ သိပ် ကြာကြာ အသင်းလက်မဲ့ ဖြစ်ဖွယ် မရှိဘဲ ချက်ချင်းဆိုသလို ဘန်လေ အသင်းနဲ့ အတူ နည်းပြလောကကို ပြန်လည် ဝင်ရောက်လာဖို့ ရှိနေကြောင်း သတင်းရရှိပါတယ်။
ပါကားကို ခေါ်ယူခန့်အပ်ထားတဲ့ ဘန်လေ အသင်းဟာ နစ္စတယ်ရွိုင်း ကို အစောပိုင်းကတည်းက နည်းပြအဖြစ် ကမ်းလှမ်းခဲ့ဖူးပေမယ့် အဆိုပါ အချိန်တုန်းကတော့ နစ္စတယ်ရွိုင်းက ငြင်းပယ်ခဲ့ပြီး မန်ယူအသင်းထံ လာရောက်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဘန်လေ အသင်းတာဝန်ရှိသူတွေက နစ္စတယ်ရွိုင်းကို ထပ်မံချိတ်ဆက်မှုတွေ ရှိနေကြသလို နယ်သာလန်သား ကိုယ်တိုင်ကလည်း နည်းပြလောကထဲ ပြန်လည် ဝင်ရောက်ဖို့ အသင့်ဖြစ်နေတာကြောင့် ဘန်လေ က အသင့်တော်ဆုံး အနေအထားမှာ ရှိနေပါတယ်။
မန်ယူအသင်းကို ယာယီကိုင်တွယ်ခဲ့စဉ်တုန်းက ပြသခဲ့တဲ့ နစ္စတယ်ရွိုင်း ရဲ့ တိုက်စစ် ကစားဟန်က ပြိုင်ဘက်တွေအတွက် စွဲမက်စရာ ဖြစ်စေခဲ့ပြီး ပါကားရဲ့ လက်ရှိ အသင်းကတော့ ချန်ပီယံရှစ်မှာ ထိပ်ဆုံး အသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၄ မှာ ရပ်တည်နေတာ တွေ့ရပါတယ်။
ပါကားရဲ့ ဘန်လေဟာ ပြီးခဲ့တဲ့ လိဂ်ပွဲ ၁၃ ပွဲမှာ သွင်းဂိုး ၉ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် အသင်းပရိသတ်တွေက အသင်း တိုက်စစ်ပိုင်းကို ပြစ်တင်ပြောဆိုနေချိန်မှာ နစ္စတယ်ရွိုင်း ရဲ့ တိုက်စစ် အသားပေး ကစားဟန်က ပရိသတ်တွေအကြိုက် ဖြစ်နေတာ အမှန်ပါပဲ။
ဒါပေမယ့် ဘယ်လောက် မြန်မြန် နစ္စတယ်ရွိုင်း ကို ဘန်လေ ခေါ်ယူခန့်အပ်မလဲ ဆိုတာကတော့ စောင့်ကြည့် ရဦးမှာပါ။