နစ္စတယ်ရွိုင်း အထွက်၊ အမ်မိုရင်း အဝင် ကိစ္စကို မှတ်ချက်ပြုလာတဲ့ သရဲနီဟောင်းကြီး ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်ကို နည်းပြသစ် အမ်မိုရင်း ရောက်လာချိန်မှာ ယာယီနည်းပြ ရုဒ်ဗန် နစ္စတယ်ရွိုင်း အား ဆက် မခေါ်ထားတော့ဘဲ အသင်းကနေ လက်လွှတ်လိုက်တာ အတွက် မေးခွန်းထုတ်မှု တချို့ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုကတက် အသင်းခေါင်းဆောင်ဟောင်း၊ သရဲနီဟောင်းကြီး ရွိုင်ကိန်းကတော့ အမ်မိုရင်း လုပ်ရပ် မှန်ကန်ကြောင်း ထောက်ခံလိုက်ပါတယ်။

နစ္စတယ်ရွိုင်း ယူနိုက်တက်က ထွက်ခွာသွားရတာ ဖြစ်သင့်တဲ့ကိစ္စလား လို့ Rest is Football အစီအစဉ်မှာ ဆွေးနွေးရာ မှာ ရွိုင်ကိန်းက အခုလို ဆိုခဲ့တာပါ။

” သေချာတာပေါ့။ သူက ဒီမှာ ဆက်နေဖို့ မရှိဘူးလေ အစောတည်းက.. ဒါက ကိုယ့်ပွဲ ကိုယ် စီမံရတာပါ။ နစ္စတယ်ရွိုင်းက ယူနိုက်တက်မှာ ကောင်းကောင်း လုပ်ခဲ့တယ်။

ယာယီနည်းပြ အဖြစ်နဲ့ နိုင်ပွဲတချို့ ရခဲ့တယ်။ လက်စတာကို နှစ်ခါနိုင်တယ်။ သူက စမတ်ကျတယ်၊ စကားပြောလည်း တော်တယ်။ ကျွန်တော် သူ့ကို မကောင်း ပြောစရာ မရှိပါဘူး။ ဒါပေမယ့် သူက ဆက် ရှိနေမယ့်သူ မဟုတ်ဘူးလေ။

မန်နေဂျာသစ် ရောက်လာရင်၊ အထူးသဖြင့် ရုဒ်က ကျွန်တော် ကလပ်အသင်းကို ကူညီချင်၊ ဆက်နေချင်ပါတယ် ပြောနေတယ် ဆိုတည်းက သူ ဆက်နေရမှာ မဟုတ်လို့ပဲ။

အမ်မိုရင်း ရောက်လာတော့ သူ့လူ ၂၆ ယောက် ပါလာတယ်လေ။ သူ က ရုဒ်ကို မလိုပါဘူး။ အရင်ခေတ် အရင်နည်းပြရဲ့ လူလေ။ ဒီတော့ ဘယ်ခေါ်မှာလဲ။ ဒီတော့ အသင်းကလည်း သူ့ကို နည်းနည်းပါးပါး (စာချုပ် ဖျက်သိမ်းကြေး) ပေးလိုက်ရင် အားလုံးအတွက် အဆင်ပြေတယ်လေ။ ဒါပဲ .. ရိုးရှင်းပါတယ်။ ” လို့ ရွိုင်ကိန်းက ဆိုခဲ့တာ ဖြစ်ပါတယ်။

အမ်မိုရင်းဟာ ယခင် နည်းပြ တန်ဟက်ရဲ့ အဖွဲ့ဝင်ထဲက တစ်ယောက်ကိုမှ ဆက်ခေါ်မထားခဲ့ဘဲ စပို့တင်းက သူ့ အဖွဲ့ဝင်တွေ အားလုံးကို ယူနိုက်တက်ထံ တပါးတည်း ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ သူ့လူတွေနဲ့ပဲ မန်ချက်စတာ ယူနိုက်တက်မှာ သူ့ ကစားဟန်ကို အသက်သွင်းဖို့ ကြိုးစားဖွယ် ရှိပါတယ်။