မန်ချက်စတာ ယူနိုက်တက်ကနေ မခွဲချင်ဘဲ ခွဲခွာခဲ့ရပုံ တော်မီနေး ဖွင့်ဟ
နာပိုလီ အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ မန်ယူအသင်း ကွင်းလယ်လူဟောင်း တော်မီနေးကတော့ အသင်းဟောင်းကို စွန့်ခွါဖို့ အလွန်ခက်ခဲခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။
မန်ယူအသင်းရဲ့ငယ်မွေးခြံပေါက် တော်မီနေးဟာ အသင်းနဲ့ ၂၂ နှစ်ကြာ ပူးပေါင်းခဲ့ဖူးသူ တစ်ယောက် ဖြစ်ပြီး နောက်ဆုံး မှာတော့ အသင်းကနေ ထွက်ခွါဖို့ အတင်းဖိအားပေးခံခဲ့ရပါတယ်။
တန်ဟတ်ဂ်ရဲ့ ချောင်ထိုးခြင်း ခံခဲ့ရတဲ့ တော်မီနေးဟာ အသင်းသစ် နာပိုလီမှာတော့ အစွမ်းကုန် ပြန်လည် တောက်ပ နေပြီး နာပိုလီ ပရိသတ်တွေကတော့ တော်မီနေးကို လွယ်လွယ် ရောင်းချပေးလိုက်တဲ့ မန်ယူအသင်းကို ကျေးဇူးတင်နေကြပါတယ်။

တော်မီနေးက “ အသင်းက ထွက်ဖို့ ဆုံးဖြတ်ခဲ့တာက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအပြင် သူငယ်ချင်းတွေအတွက်ပါ ထည့်စဉ်းစားရတော့ အရမ်းခက်ခဲခဲ့ပါတယ်။
အဲ့ဒီ အချိန်တွေမှာ ဘာလုပ်ရင် ကောင်းမလဲ ဆိုပြီး နည်းလမ်းပေါင်းစုံ အတွေးပေါင်းစုံ ကျွန်တော့်ခေါင်းထဲ ဝင်ရောက် နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ကျွန်တော်က အောင်မြင်တဲ့ ကစားသမား တစ်ယောက် ဖြစ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွါခဲ့ရတာပါ၊ဘာပဲ ပြောပြော မန်ယူမှာ ကစားခဲ့တဲ့ အချိန်တွေအတွက်တော့ အားလုံးကို ကျေဇူးတင်ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
တော်မီနေးဟာ နာပိုလီ အသင်းထံ အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ ပေါင် ၂၅ သန်းကျော်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ကွန်တီရဲ့ သွေးဆောင်မှုကြောင့် နာပိုလီကို ရောက်လာခဲ့ရတာ ဖြစ်ပါတယ်။