ယူနိုက်တက်ရဲ့ ခြေစွမ်းရှိ လူငယ်လေး ကို ခေါ်ယူဖို့ အပီချဉ်းကပ်နေတဲ့ အက်စတွန် ဗီလာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်လေးဖြစ်တဲ့ ဟယ်ရီအားမက်ကို ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ အက်စတွန်ဗီလာအသင်းက စိတ်ဝင်စားမှုမြင့်တက်နေပြီး အေးဂျင့်တွေအထိပါ ဆက်သွားထားတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက် ပရိတ်သတ်တွေဆိုရင် လူငယ်ခြေတက်လေး ဟယ်ရီအားမက် ရဲ့ ဘယ်အစွန်ခြေစွမ်းကို အတော်လေးကိုမှ စိတ်လှုပ်ရှားကြပါတယ်။

ဟယ်ရီအားမက် က အလားအလာအများကြီးရှိတဲ့ လူငယ်လေးဆိုတာ ထူးပြီးတော့ ပြောပြနေစရာ မလိုပါဘူး။ ဒါကြောင့်လည်း ဗီလာရဲ့ဘက်က စီနီယာပွဲမကစားရသေးတာတောင် စိတ်ဝင်စားနေတာပါ။

လက်ရှိ ယူနိုက်တက်ဘယ်အစွန်မှာ လုခ်ရှောရော မာလာစီယာရောက သုံးလို့မလွယ်တော့ပါဘူး၊ ရှော က ဒဏ်ရာ ကြားမှာ မဖြစ်နိုင်တော့သလို မာလာစီယာကတော့ သာမာန်ကစားသမားပါပဲ။

အယ်လ်ဘာရိုဖ ာနန်ဒက်စ်ကို ပြန်ခေါ်ဖို့လုပ်နေတဲ့ ယူနိုက်တက်အတွက် ဟယ်ရီအားမက်စ်ကို ထိန်းထားတာလည်း မမှားပါဘူး။

နည်းပြသစ် အမ် မိုရင်က လူငယ်လေးတွေကို အားပြုကစားတဲ့နည်းပြပါ။ မာလာစီယာကို ရောင်းထုတ်ပြီးတော့ အယ်လ်ဘာရို ကို ပြန်ခေါ်ရင်တော့ ဟယ်ရီအားမက်စ်ကို အရန်အဖြစ်နဲ့ အားကိုးလို့ရပါတယ်။

ဟယ်ရီအားမက် ကို ကစားခွင့်နဲ့ နေရာပေးဖို့အတွက် လိုအပ်ရင်လည်း အငှား ဆိုတာက အဖြစ်သင့်ဆုံးပါ။ ယူနိုက်တက် အနေနဲ့ အလားအလာရှိ လူငယ်လေးကို ထိန်းထားဖို့ ပါးနပ်မယ်လို့ မျှော်လင့်ရပါတယ်။