မန်ယူ နည်းပြသစ် အမိုရင် အတွက် မှော်ဆန်တဲ့ လုပ်ငန်းတစ်ခုကို ပထမဦးဆုံး စိ-န်ခေါ်မှု အဖြစ် ကြုံတွေ့နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရူဘင် အမိုရင်ဆီကနေ မှော်ဆန်တဲ့အရာတွေကို မြင်တွေ့ရဖို့ မျှော်လင့်နေပြီး စပို့တင်းလစ္စဘွန်း နည်းပြဟောင်း ရောက်ရှိလာမှုကြောင့် ကစားသမားတစ်ဦးအနေနဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုရှိလာစေချင်နေတာဖြစ်ပါတယ်။

အမိုရင်ဟာ ယာယီနည်းပြ ရုဒ်ဗန် နစ္စတယ်ရွိုင်းလက်အောက် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့တဲ့ အသင်းကို အမွေဆက်ခံခဲ့ရတာဖြစ်ပြီး ကစားသမားအချို့ကလည်း နည်းပြသစ်ဆီကနေ အကူအညီတွေ အများကြီးလိုအပ်နေတာဖြစ်ပါတယ်။

အဲဒီကစားသမားတွေထဲမှာ ဂျိုရွှာ ဇာဇီးက ထိပ်ဆုံးက ပါဝင်နေပြီး ဘိုလော့ဂ်ညာတိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၃၆ သန်းနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ပွဲဦးထွက်ပါဝင်ကစားပေးပြီး အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးကတည်းက ပြိုင်ပွဲစုံ ၁၆ ပွဲအထိ ဂိုးမသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒတ်ချ်တိုက်စစ်မှူးဟာ ဘယ်တုန်းကမှ ဂိုးသွင်းသေချာတဲ့မဟုတ်ခဲ့ပေမယ့် လက်ရှိမှာတော့ ယုံကြည်မှုပါ ပျောက်ဆုံးနေပုံပေါ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေက အမိုရင် လက်အောက်မှာ ဇာဇီးအနေနဲ့ နောက်ထပ်တစ်ကြိမ် ဂိုးသွင်းခြေ ပြန်တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်နေတယ်လို့ The mirror က ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြ အတွက် ပထမဆုံး ကြုံမယ့် စိန်ခေါ်မှုဟာ သွင်းဂိုးတွေ သွင်းယူဖို့ ရုန်းကန်နေရတဲ့ ဇာဇီးကိုရော ဟွိုင်လန်းကိုပါ မှော်ဆန်တဲ့အပြောင်းအလဲတွေ လုပ်ပေးနိုင်ဖို့ လို့ မျှော်မှန်းထားပုံပေါ်ပါတယ်။