မန်ယူရဲ့ အိုးထရက်ဖို့ဒ်ကွင်းထက် ကြီးအောင် အမ်းမရိတ်ကို ချဲ့ဖို့ အာဆင်နယ်အသင်း စီစဉ်နေ

အာဆင်နယ်အသင်းဟာ သူတို့ ရဲ့ အိမ်ကွင်း အမ်းမရိတ်ကွင်းကို မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းထက် ပိုကြီးအောင် လူ ၈ဝဝဝဝ ထိ ဝင်ဆံ့မယ့် အထိ ကွင်းချဲ့ဖို့ စီစဉ်နေပါတယ်။

ဂန်းနားတို့ဟာ ၂၀၀၆ မှာ ဟိုက်ဘူရီကွင်းကို စွန့်ခွာပြီး လက်ရှိ အိမ်ကွင်း အမ်းမရိတ်ထံ ပြောင်းရွှေ့ခဲ့တာပါ။ ထိုစဉ်က ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အားကျရတဲ့ ကလပ် အသင်း ဖြစ်ပေမယ့် လက်ရှိမှာတော့ အိုးထရက်ဖို့ဒ် နောက် ဒုတိယ အကြီးဆုံး ကွင်း အဖြစ် ၁ဝ စုနှစ်တစ်ခုကျော် ကြာ ရပ်တည်နေတာပါ။

လက်ရှိ အမ်းမရိတ်ကွင်းဟာ ပရိသတ် ၆ သောင်းဆန့်ပြီး ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကတော့ ၇၄ဝဝဝ ကျော် ဝင်ဆန့်ပါတယ်။

ဒါပေမယ့် ဒီတလော နှစ်တွေ အတွင်း တော့တင်ဟမ်၊ ဝက်စ်ဟမ်းနဲ့ လီဗာပူး စတဲ့ ကလပ်အသင်းတွေဟာ ကွင်းချဲ့မှု၊ ကွင်းသစ်ဆောက်မှုတွေကို အမျိုးမျိုး လုပ်ဆောင်နေတာကြောင့် ကွင်းဝင်ဆန့်မှုက ပိုပြီး တိုးလာနေပါတယ်။

အာဆင်နယ်က ပရိသတ် ၈ သောင်းဆန့်တဲ့ အထိ အင်္ဂလန်မှာ အကြီးဆုံး ကလပ် အိမ်ကွင်း ဖြစ်အောင် ချဲ့ဖို့ ကြံစည်နေသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ပရိသတ် တစ်သိန်းထိ ဆန့်အောင် ကွင်းချဲ့ဖို့ စဉ်းစားနေပါတယ်။

ဒီလို ပြင်ဆင်မှုတွေဟာ ကုန်ကျစရိတ် များမှာ ဖြစ်တာကြောင့် ဒီအတွက် စရိတ်ကာမိအောင်လည်း ကလပ်အသင်းတွေဟာ တွက်ချက် စီမံမှုတွေ ပြုလုပ်ရပါတယ်။

ဒါကြောင့် အာဆင်နယ်ရဲ့ အမ်းမရိတ်ကို ကွင်းချဲ့မယ့် စီမံကိန်းဟာ ဘယ်တော့လောက် အကောင်အထည်ဖော်နိုင်မလဲ သေချာ မသိရသေးပါဘူး။