ရာထူးက ပြုတ်ပြီး ၃ ပတ် အကြာမှာတင် မန်ချက်စတာမြို့ထဲ ပြန်လာတဲ့ တန်ဟက် ဘာလာလုပ်တာလဲ ထွက်ပေါ်လာ

မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထုတ်ပယ်ခံထားရတဲ့ နည်းပြ တန်ဟတ် ကတော့ လက်တလော မန်ချက်စတာကိုပြန်လည် ရောက်ရှိနေကြောင်း သတင်းရရှိပါတယ်။

ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်းနည်းပြရာထူးကို စွန့်လွှတ်ခဲ့ရတဲ့ တန်ဟတ် ဟာ ရာထူးမှ ထုတ်ပယ်ခံရတာပါ။

နွေတုန်းကမှ သက်တမ်းတိုးထားတဲ့ နည်းပြ တန်ဟက်ကို ထုတ်ပယ်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ လျော်ကြေးငွေ ပေါင် ၁၃ သန်းကနေ ၁၆ သန်းလောက်ထိ ကုန်ကျခဲ့ဖွယ် ရှိပါတယ်။

တန်ဟက် ကတော့ ထိုသို့ ရာထူးမှ ပြုတ်အပြီး သုံးပတ်အကြာမှာတင် မန်ချက်စတာရှိ ၎င်းအကြိုက်ဆုံး စားသောက်ဆိုင်မှာ လာရောက် ညစာ သုံးဆောင်ခဲ့တာ ဖြစ်ပါတယ်။

တန်ဟတ် ဟာ မန်ယူအသင်းမှ ထုတ်ပယ်ခံခဲ့ရပြီး နာရီပိုင်းအတွင်းမှာတင် နယ်သာလန်ကို ဂျက်လေယာဉ်နဲ့ ပြန်သွားခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်အထိ နည်းပြလောကထဲ ပြန်လည် ဝင်ရောက်လာဖို့ သတင်းထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
ယခုတစ်ခေါက် တန်ဟတ် လာရောက်လည်ပတ်ခဲ့တဲ့ စားသောက်ဆိုင်ကတော့ မန်ယူနည်းပြ ဘဝကတည်းက မကြာခဏ လာရောက် စားသောက်လေ့ရှိတဲ့ အီတလီ စားသောက်ဆိုင် တစ်ခု ဖြစ်ပြီး မန်ချက်စတာရှိ ၎င်းတို့ရဲ့ ပစ္စည်းအချို့ကို လာရောက် သိမ်းဆည်းခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။

တန်ဟတ်ဂ်ဟာ လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲအပြီးတုန်းကလည်း အဆိုပါ စားသောက်ဆိုင်မှာ ကစားသမားတွေနဲ့ အတူ လာရောက်စားသောက်ခဲ့ဖူးပြီး ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ မန်ယူအသင်း နည်းပြဘဝ ပထမဆုံး ပွဲစဉ်တုန်းကလည်း အဆိုပါ စားသောက်ဆိုင်မှာ ညစာစားပွဲ ကျင်းပခဲ့ဖူးပါတယ်။