ဇန်နဝါရီမှာ ယခင်ပစ်မှတ်ဟောင်း တစ်ဦးကို အမ်မိုရင်း အတွက် ခေါ်ပေးဖို့ မန်ယူအသင်း စီစဉ်နေ
မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ယခင်ဈေးကွက်တွေမှာ သုံးခဲ့တာကြောင့် ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းရှိပေမယ့် လာမယ့် ဇန်နဝါရီမှာ အမ်မိုရင်း လိုအပ်မယ့် နေရာအတွက် ကစားသမား တစ်ဦး ခေါ်ယူပေးဖို့ စီစဉ်နေပါတယ်။
ယူနိုက်တက် နည်းပြသစ် အမ်မိုရင်းဟာ ခံစစ်ပိုင်းကို ဗဟိုခံစစ်မှူး ၃ ယောက်တန်း အမာခံထားမယ့် ၃-၄-၃ နည်း စနစ်ကို အမြန်ဆုံး ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ရေရှည်မှာ ဗဟိုခံစစ်ဟာ ယူနိုက်တက်အတွက် အလိုအပ်ဆုံးနေရာ ဖြစ်လာနိုင်တယ်။

နွေတုန်းက အဲဗာတန် ခံစစ်မှူး ဘရန့်ဝိတ်ကို ပေါင် ၃၅ သန်း၊ ပေါင် ၄၅ သန်း အပြင် ထပ်တိုးကြေး ပေါင် ၅ သန်းပါမယ့် ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။
ဒါကြောင့်ပဲ လိုင်လီအသင်းထံကနေ ယိုရိုကို ပေါင် ၅၂.၂ သန်းဖြင့် ခေါ်ယူခဲ့သလို ဒီလစ်ကိုလည်း ဘိုင်ယန်မြူးနစ်ထံကနေ ပေါင် ၄၃ သန်း ဝန်းကျင်ဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ ဘောလုံး ရာသီကုန်ရင် လင်ဒီအောနဲ့ အီဗန်တို့ စာချုပ်ကုန်တော့မှာဖြစ်ကာ မက်ဂွဲရားရဲ့ စာချုပ်ကို ၁၂ လ သက်တမ်း တိုးထားပေမယ့် ၂၀၂၆ နွေမှာ သက်တမ်း ကုန်ဖို့ ရှိနေပါတယ်။
ဒါကြောင့် ရေရှည်အတွက် ရည်ရွယ်ပြီး ဇန်နဝါရီမှာ ဗဟိုခံစစ်မှူး တစ်ဦးကို ထပ်မံ ခေါ်ယူပေးမှာဖြစ်ကာ ဘရန့်ဝိတ်ကို ပြန်ကြိုးစားဖို့အတွက် ချိန်ရွယ်ထားပါတယ်။
ယူနိုက်တက်ဟာ တချိန်တည်းမှာပဲ ဘဏ္ဍာရေးဟန်ချက်ညီမှုကို ပြသနိုင်ရေး ကစားသမား ရောင်းထုတ်မှုပါ ပူးတွဲ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။