မန်ယူနဲ့ အာဆင်နယ်တို့က စိတ်ဝင်စားခြင်း ခံနေရတဲ့ ဆာနေးက ပရီးမီးယားလိဂ် ပြန်လာဖို့ ကိစ္စ မှတ်ချက်ပြုတုန့်ပြန်
စီးတီး ကြယ်ပွင့်ဟောင်း ဖြစ်ပြီး လက်ရှိ ဘိုင်ယန်မြူးနစ်မှာ ကစားနေတဲ့ ဂျာမာန်သား တိုက်စစ်သမား ဆာနေး ကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မနချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် တို့ က စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်တေနဲ့ အပါ် ဆာနေး က တုန့်ပြန်လာပြီ ဖြစ်ပါတယ်။
နောက်နှစ်နွေမှာ စာချုပ်ကုန်တော့မယ့် ဆာနေးကို ဘိုင်ယန်မြူးနစ်က သက်တမ်းတိုးလိုနေဆဲဖြစ်ပေမယ့် ဆာနေး အလိုရှိရင် လာမယ့် ဇန်နဝါရီရောက်ရင် ဂျာမနီပြင်ပ ကလပ်တွေနဲ့ အကြိုညိနှိုင်းခွင့် ရပါပြီ။
ပရီးမီးယားလိဂ်အပေါ် ခံစားချက်တွေရှိနေဆဲဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ ဆာနေးက သူ့အတွက် ငွေကြေးထက် စွမ်းဆောင်ရည် ပြသခွင့်ကပဲ အရေးကြီးတယ်လို့ ပြောလာပါတယ်။
‘ အခုချိန်မှာ ငွေကြေးက ကျနော်ရဲ့ ဦးစားပေး မဟုတ်ပါဘူး။ ဒါကို ရိုးရိုးသားသားပဲ ပြောတာပါ။ ဇန်နဝါရီလ ၁ ရက် နေ့မှာတင် အခြားအသင်းကို ပြောင်းဖို့ လျှင်လျှင်မြန်မြန် ဆုံးဖြတ်တာမျိုးလည်း လုပ်မှာ မဟုတ်ပါဘူး။
ပရီးမီးယားလိဂ်အပေါ် ခံစားချက်တွေ ရှိနေဆဲပါ။ အခုချိန်ထိ ပရီးမီးယားလိဂ်ပွဲတွေ ကြည့်ဖြစ်နေပါသေးတယ်။ ကျနော်အတွက် ဆွဲဆောင်မှုကတော့ ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ပြီး ဆက်လက် တိုးတက်မှုနဲ့အတူ ဆုဖလားတွေ အောင်မြင်စေမယ့် အသင်းပါပဲ။
ကျနော် ဘိုင်ယန်မြူးနစ်မှာ ရှိနေပါတယ်။ ဒီနေရာက ကျနော်ရဲ့ ရည်မှန်းချက်တွေ စိန်ခေါ်မှုတွေအတွက် အကောင်းဆုံး နေရာပါ ’ လို့ ဆာနေးက တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။