ဇန်နဝါရီမှာ ခေါ်မယ့် နံပါတ်တစ် ပစ်မှတ်၊ အမော်ရင်ရဲ့ လူစာရင်း၊ ဆုတွေရ လက်စွမ်းပြနေဆဲ့ ဒီဂီယာနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီဈေးကွက်မှာ Left Back နေရာအတွက် အစားထိုးခေါ်ယူမှုတွေပြုလုပ်သွားဖို့ရှိနေပါတယ်။

နည်းပြသစ် အမော်ရင်ရဲ့ (၃-၄-၃) ကစားကွက်ကိုပုံဖော်နိုင်ဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့ ကနေဒါ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ် ဟာ လာမယ့် ဇန်နဝါရီဈေးကွက်မှာ ၎င်းတို့ရဲ့ အဓိကပစ်မှတ် ဖြစ်နေပါတယ်။

ယူနိုက်တက် ကစားသမားတွေ အားလုံး ဒဏ်ရာ ပြဿနာ ကင်းရှင်းမယ်ဆိုရင် အမော်ရင် ရဲ့ ပွဲထွက် (၁၁) ယောက် ဖြစ်နိုင်ဖွယ် လူစာရင်းပဲ ဖြစ်ပါတယ်။ယူနိုက်တက်နည်းပြ သစ် အမော်ရင်ဟာ ဒီတစ်ပတ်မှာ သူ့ရဲ့ ပထမဆုံးပွဲကို တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။

အီတလီ စီးရီးအေကလပ် ဖီအိုရင်တီးနား အသင်းကို သွားရောက် ကစားနေတဲ့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒါးဗစ် ဒီဂီယာ ကတော့ အသင်းသစ်နဲ့အတူ လက်စွမ်းကောင်းတွေ ပြသနေခဲ့ကာ နိုဝင်ဘာလအတွက် တစ်လတ ာအကောင်းဆုံး ကစားသမားဆိုကိုပါ ရရှိသွားခဲ့ ပါတယ်။

လီဗာပူးလ်အသင်းဟာ ဆာလာရဲ့ နေရာကို အစားထိုးဖို့အတွက် မန်ယူအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်သမား အန်တိုနီကို ခေါ်ယူဖို့ စဉ်းစားခဲ့သေးကြောင်း သိရှိရပါတယ်။

မန်ယူအသင်းနောက်ခံကစားသမား ယိုရိုတစ်ယောက် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် အသင်းနဲ့ ပထမဆုံး အကြိမ် အပြည့်အဝ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ် နဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါ့ဘာ ကို ခေါ်ယူသွားမယ့် အသင်းတွေထဲ အဖြစ်နိုင်ဆုံးကတော့ လီဂူး ၁ ကလပ် မာဆေးပဲ ဖြစ်ပါတယ်။