ဘိုင်ယန်ကြယ်ပွင့် ကို ဇန်နဝါရီမှာ ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်ဇန်နဝါရီဈေးကွက်မှာ Left Back နေရာအတွက် အစားထိုးခေါ်ယူမှုတွေပြုလုပ်သွားဖို့ရှိနေတာပြဖြစ်ပါတယ်။
နည်းပြသစ် အမော်ရင်ရဲ့ (၃-၄-၃) ကစားကွက်ကိုပုံဖော်နိုင်ဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့ ကနေဒါ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ် ဟာ လာမယ့် ဇန်နဝါရီဈေးကွက်မှာ ၎င်းတို့ရဲ့ အဓိကပစ်မှတ်ဖြစ်ခေါ်ယူချင်တာပဲဖြစ်ပါတယ်။
စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကနေဒါသားကို အရခေါ်ယူဖို့ကြိုးပမ်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
သို့သော်လည်း ၎င်းကနေဒါသားကို စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း အရခေါ်ယူလိုနေတာကြောင့် ရီးရဲလ်အသင်းနဲ့ အပြိုင်ခေါ်ယူမှုမှာ ခက်ခဲနိုင်မှာလည်းဖြစ်ပါတယ်။
အကယ်၍ အယ်လ်ဖွန်ဆို ဒေးဗီးစ်သာ မန်ယူနိုက်တက်အသင်းအရခေါ်ယူနိုင်ခဲ့ပါက နည်းပြသစ်အမော်ရင်ရဲ့ ( ၃-၄-၃) ကစားကွက်မှာ အံဝင်နိုင်ဖို့အတွက် ကွင်းလယ် သို့မဟုတ် ဘယ်နောက်ခံလူ အနေနဲ့ကစားသွားရမှာပဲဖြစ်ပါတယ်။