မန်ယူ Vs အာဆင်နယ်ပွဲ ပွဲရလဒ်ကို ပွဲကြို ခန့်မှန်းသုံးသပ်သွားတဲ့ ပေါမာဆန်
ဒီတစ်ပတ် ဒီဇင်ဘာ ၃ ရက်၊ သောကြာနေ့၊ နံနက် ၂း၄၅ နာရီမှာ ကြားရက် ပရီးမီးယားလိဂ် အပတ်စဉ် ၁၄ ပွဲစဉ်တွေ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။
နာမည်ကျော် သုံးသပ်သူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ ဒီကြားရက် ပွဲစဉ်တွေထဲက ယူနိုက်တက် နဲ့ အာဆင်နယ် ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
မန်ချက်စတာ ယူနိုက်တက် Vs အာဆင်နယ်

နောက်ထပ် ပွဲကြီးတစ်ပွဲပါ။ အာဆင်နယ်က နိုင်သင့်တဲ့အသင်းတွေကို အနိုင်ရထားပြီး နယူးကာဆယ်နဲ့ပွဲမှာလည်း ရလဒ်ကောင်း ရခဲ့ပါတယ်။ ဘရိုက်တန်၊ လီဗာပူးတို့နဲ့ပွဲတွေမှာ ရုန်းကန်ခဲ့ရပြီး အဝေးကွင်းက အခြေအနေ သိပ်မကောင်းခဲ့ပါဘူး။
ယူနိုက်တက်က ချယ်ဆီးနဲ့ပွဲမှာ အကြိမ်အနည်းငယ်လောက် ကံဆိုးခဲ့ပေမယ့် အဆုံးသတ်မှာ ရလဒ်ကောင်းတစ်ခု ရခဲ့ပါတယ်။ ကားရစ်က ရော်နယ်ဒိုကို ချန်လှပ်ထားခဲ့တာက အလုပ်ဖြစ်ခဲ့ပါတယ်။ ၁-၀ နဲ့ ဦးဆောင်ခဲ့ပြီးနောက် ရက်ဖို့ဒ်နဲ့ ဆန်ချိုကို ထုတ်ပယ်ခဲ့ပြီး ရော်နယ်ဒိုကို ထည့်သွင်းခဲ့တဲ့နောက် ချယ်ဆီးက လက်ကျန်အချိန်တွေကို ဦးဆောင်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ညတွင်းချင်း အသင်းကောင်းတစ်သင်း ဖြစ်မလာခဲ့ပါဘူး။ ကားရစ်အနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ အခွင့်အရေး တစ်ခု ရမှာပါ။ ဖာနန်ဒက်စ်၊ ရော်နယ်ဒိုတို့ ပွဲထွက်ခွင့် မရရင်တော့ အံ့ဩမိပါလိမ့်မယ်။ သူတို့တွေက ခံစစ်ပိုင်း အရမ်းမကောင်းပေမယ့် အာဆင်နယ်နဲ့ပွဲမှာ သိပ်ပြီး ဖွင့်ဆော့လို့ မဖြစ်ပါဘူး။
နှစ်သင်းလုံးက ဒီတစ်ပတ်မှာ သရေရလဒ်နဲ့ ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်သွားလိမ့်မယ်လို့ ယူဆပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် 1-1 အာဆင်နယ်