စပို့တင်း တိုက်စစ်မှုး ယိုကီရက်စ် ခေါ်ယူနိုင်ရေး ယူနိုက်တက်နှင့် မန်စီးတီးအပြိုင် ကြိုးပမ်းနေ

မန်ယူနည်းပြ ရူဘင်အေမိုရမ်ဟာ လာမယ့်နှစ်မှာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာ ယိုကီရက်စ်အား ခေါ်ယူနိုင်ရေးအတွက် သူငယ်ချင်းဟောင်းဟူဂိုဗစ်ဗီယာနာနှင့် အပြိုင် ယှဉ်ပြိုင်လာပါမယ်။

အသက် ၂၆ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးဟာ စပို့တင်းလစ္စဘွန်းတွင် အေမိုရမ်လက်အောက်မှာ တောက်ပလာသူ ဖြစ်ပြီး စာချုပ်အတွင်းတွင် ဖျက်သိမ်းကြေး ပေါင် ၆၅ သန်း ထည့်သွင်းထားသူ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အေမိုရမ် ရောက်လာမှုနှင့်အတူ လာမယ့် ဈေးကွက်ေ်တွမှာ ယိုကီရက်စ် အား ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

တဖက်တွင် မန်စီးတီးကလည်း ဘောလုံးဒါရိုက်တာအဖြစ် နွေရာသီမှာ ရောက်လာမဲ့ စပို့တင်းလစ္စဘွန်းဘောလုံးဒါရိုက်တာ ဟူဂိုဗီယာနာကြောင့် ဆွီဒင်တိုက်စစ်မှူးကို ခေါ်ယူနိုင်ရေး အလေးသာလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဗီယာနာဟာ ပြီးခဲ့တဲ့နှစ်တုန်းက ယိုကီရက်စ်ကို ကိုဗင်ထရီမှ စပို့တင်းသို့ ခေါ်ဆောင်လာခဲ့သူ ဖြစ်ပါတယ်။

ယိုကီရက်စ် ဟာ ၂၀၂၄ ခုနှစ်အတွင်းတွင် ကလပ်နှင့် နိုင်ငံအတွက် ၅၈ ဂိုးသွင်းထားကာ ဥရောပရဲ့ အတောက်ပဆံးဂိုးသွင်းစက်အဖြစ် ရပ်တည်နေပါတယ်။

အေမိုရမ်ဟာ ယူနိုက်တက်နည်းပြဖြစ်လာပြီး ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ယိုကီရက်စ် နှင့်ပတ်သက်ပြီး ပြောဆိုရန် ငြင်းဆိုထားပါတယ်။

အသက် ၄၁ နှစ်ရှိ ဟူဂိုဗီယာနာ ကလည်း ၂၀၂၀ ခုနှစ်တွင် အေမိုရမ်ကို စပို့တင်းသို့ ခေါ်ဆောင်ရန် အဓိက ဆုံးဖြတ်ခဲ့သူ ဖြစ်ပြီး ယိုကီရက်စ်ကို အီတီဟတ်သို့ ခေါ်ဆောင်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။