ဒီအဆင့်မှာ ဒါတွေ သင်ပေးလို့ မရတော့ဘူးလို့ ယူနိုက်တက် အသင်းသား တစ်ဦးအား အမ်မိုရင်း ပြ-စ်တ-င်ပြောဆို

မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်းရဲ့ ပွဲဦးထွက် အဖြစ် မနေ့ညက အစ်ဝစ်ချ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာ ၁-၁ နဲ့ သရေ ကျသွားပြီး မျက်နှာပန်း မလှဘဲ ဖြစ်သွားရပါတယ်။

နည်းပြ အမ်မိုရင်းဟာ ယူနိုက်တက် တိုက်စစ်သမား ဇက်ဇီး ကို စိတ်တိုင်းကျပုံမရဘဲ ပိုပြီး အားထုတ်မှုတွေ လိုအပ်ကြောင်း၊ တချို့ကိစ္စတွေက သူ သင်ပြမရကြောင်း အခုလို ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

” ကျွန်တော်ကတော့ သူ (ဇက်ဇီး) ဆုံးဖြတ်ပြီး လှုပ်ရှားရတဲ့ အပိုင်းမှာ ပြဿနာ ရှိနေတယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီအဆင့် ဒီလယ်ဗယ်မှာကျ ဒါတွေ နည်းပြက သင်ပြပေးရမှာ မဟုတ်တော့ဘူး။

ဘောလုံးကို ခြေထဲထားရင် ရှေ့ကို ဘယ်လောက် အရှိန်နဲ့ သွားမယ် ကိုယ့်ဘာသာ တွက်ရသလို တခါတလေ ဘောလုံးကို ခြေထဲ ထားလို့ မရရင် ရှေ့ကို အရင် ပို့ထားပြီး ကိုယ် ဘယ်လောက် နဲ့ လိုက်မယ် ဆိုတာမျိုးတွေပေါ့။

ဒါတွေက အဆုံးမှာ စကားပြောသွားတာပါ။ ပြိုင်ဘက် ဂိုးဧရိယာ ထဲမှာ ကျွန်တော်တို့ တိုက်စစ်မှုး နှစ်ယောက် ရှိတယ်။ သူ့ (ဇက်ဇီး) အနေနဲ့ သူ ဝင်တိုးပြီး ဖြတ်တင်ဘောတွေ လုပ်ဖို့ တွက်ချက်တတ်ရပါမယ်။ ဒါတွေ စကားပြောရမယ်။ ” လို့ အမ်မိုရင်းက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မနေ့ညက ပွဲ ဒုတိယပိုင်းမှာ အမ်မိုရင်းက ကစားသမား ၅ ယောက် လူစားထည့်လိုက်ပြီး ဇက်ဇီး ဟာ ဟွိုင်လန်းရဲ့ နောက်ကနေ No.10 role က ပါဝင် ကစားခဲ့ပါတယ်။