ချီယေဆာ၊ တီမိုဝါနာ၊ ဇီယက်၊ ရိုမန်နိုရဲ့ အပြောင်းအရွှေ့ သတင်းထူးများနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ဘာစီလိုနာ အသင်းက လာမယ့် ဒီဇင်ဘာ အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းနဲ့ အံမဝင် ဖြစ်နေတဲ့ တီမိုဝါနာနဲ့ ဇီယက်ချ် ကိုခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြလိုက်ပါတယ်။
တူချယ်ကလည်း ကလည်း လစာစရိတ် လျှော့ချ နိူင်ဖို့အတွက် ဇီယက်ချ်နဲ့ ဝါနာကို သင့်တော်တဲ့ ဈေးရရင် ရောင်းချဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကစားသမား ၂ ယောက်လုံး ကို ဘာစီလိုနာအသင်း အနေနဲ့ ချက်ချင်း အပြီးသတ် မဝယ်နိုင်တာကြောင့် အငှား ကနဦးခေါ်ပြီးမှ အပြီးသတ် ခေါ်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
တူချယ် အနေနဲ့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်မှ အီတလီ လက်ရွေးစင် ဖြစ်တဲ့ ချီယေဆာကို မဖြစ်မနေ ခေါ်ယူဖို့ သဘောကျလိမ့် မယ်လို့ သတင်းထောက် ရိုမန်နိုက ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီး အသင်းက အဓိက ပြိုင်ဘက်ဖြစ်တဲ့ မန်ယူကို ကျော်ဖြတ်ပြီး မိုနာကို ကွင်းလယ် အဖျက် ကစာသမား ချောလ်မနီး ကို ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သတင်းထောက် ရိုမန်နိုကတော့ ဆိုလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ပြင်သစ် လက်ရွေးစင် လူငယ် ကစားသမားအတွက် ပေါင် သန်း ၄၀ လောက်ပေးချေရဖွယ် ရှိပါတယ်။
ကော်နာ ဂယ်လဟာ က ပဲလေစ့်အသင်း လိဒ် ယူနိူက်တက်ကို ၁ ဂိုး ဂိုးမရှိတဲ့ ရှုံးနိမ့်တဲ့ ပွဲမှာလည်း ပွဲချိန်ပြည့် ပါဝင် ကစားခဲ့သလို ချဲလ်ဆီး ပရိတ်သတ်တွေ အားပေးချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ ဒီလူငယ် ကစားသမားက ကိုဗာချစ်လို လျင်မြန်ပြီး လမ်းပတ်လို ဂိုးသွင်းတဲ့ ကစားသမား ဆိုပြီး ရွှန်းရွှန်းဝေအောင် ချီးကျူးခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တဲ့ နောက်ခံလူ ရူဒီဂါ ကတော့ အသင်းမှာ ဆက်နေဖို့ အတွက် လုပ်ခ ၁ ပတ်ကို ပေါင် ၄ သိန်း တောင်းဆိုထားပါတယ်။ ချဲလ်ဆီး အသင်း အနေနဲ့ တောင်းဆိုတဲ့ လစာကိုပေးချေလိုခြင်း မရှိတာကြောင့် ရူဒီဂါ ကစားသမားဘဝက စတမ်းဖိုဒ့်မှာ ကုန်ဆုံးသွားဖို့ များနေပါပြီ။

အက်လက်တီကိုအသင်းက အငှားလာ ကစားတဲ့ ဆော နီဂွက်ဇ် နဲ့ပတ်သက်ပြီး တူချယ်က ‘သူက တစ်ခြားလိဂ်က လာကစားတာဆိုတော့ သူ့အနေနဲ့ ဘာသာ စကားအခက်အခဲရော လိဂ်သစ်မှာ ချက်ချင်း အံဝင်ဖို့ ခက်ခဲတယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပေးရပါမယ်။ နောက်ပြီး သူကလည်း အရည်အသွေးမြှင့်တဲ့ ကွင်းလယ်ကစားသမားတွေနဲ့ နေရာလုနေရတာပါ။ သူ့လို ကစားသမား ကျွန်တော့်လူစာရင်းမှာရှိနေတာ ကျေနပ်ပါတယ်။’ လို့ပြောကြားလိုက်ပါတယ်။
တီမိုဝါနာ အနေနဲ့ ချဲလ်ဆီးအသင်းမှာ ဂိုးတွေ သွင်းနိူင်ခြင်း မရှိပဲ ဂိုးပေါက် ပျောက်နေအုန်းမယ်ဆိုရင် သူ့ ကစားသမား ဘဝက ချဲလ်ဆီး အသင်းမှာ ကုန်ဆုံးသွားဖွယ် ရှိတယ်လို့ ဒေးလီးမေးလ် သတင်းက ပါတယ်။
ခရစ္စတန်ဆန် အနေနဲ့ ချဲလ်ဆီး အသင်း နဲ့ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်ထားတာကြောင့် ပြီးခဲ့တဲ့ နိူင်ငံတကာ သီတင်းပတ် ပြီးကတည်းက အရံခုံမှာပဲ ထိုင်နေခဲ့ရပါတယ်။