နောက်နှစ် ဒီအချိန်လည်း မန်ယူ အခြေအနေကောင်းမယ်လို့ အာမ မခံနိုင်တဲ့ နည်းပြ အမ်မိုရင်းရဲ့ အသိပေး စကား

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဘဝ အဖွင့်ပွဲမှာ အစ်ဝစ်ချ်ကို ၁-၁ သရေကျခဲ့ပြီးနောက် နည်းပြ အမ်မိုရင်းက လတ်တလော အခြေအနေ မကောင်းလို့ ကြေကွဲနေရတဲ့ ပရိသတ်တွေ အတွက် အားပျက်စေမယ့် စကားမျိုးတွေ ဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ နည်းစနစ် အခင်းအကျင်းသစ်မှာ ရုန်းကန်ခဲ့ရပေမယ့် နည်းပြ အမ်မိုရင်းကတော့ ကိုယ်ပိုင် နည်းစနစ်အမြင်တွေဖြင့်ပဲ ရှေ့ဆက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတွက် စွန့်စားရ၊ အချိန်ယူရမှာ ဖြစ်လို့ နောက်နှစ် ဒီအချိန် ဆိုရင်တောင် အခြေအနေကောင်းမယ် လို့ အာမ မခံနိုင်ကြောင်း ပေါ်တူဂီသားက တခါတည်း အသိပေးလိုက်ါတယ်။

နည်းပြ အမ်မိုရင်း က ” ရလဒ်က (အစ်ဝစ်ချ် သရေပွဲ) ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ပွဲတွေအများကြီး ကစားရမယ့် ဒီအခြေအနေမှာ ကျနော်တို့ အပြောင်းအလဲတွေ လုပ်နေရဦးမှာပါ။

ကျနော်တို့တွေ အချိန် အကြာကြီး ဒီလိုပဲ ဆက်လက် ကြေကွဲခံစားနေရပါလိမ့်မယ်။ ပွဲတွေကို အနိုင်ရအောင် အားထုတ်မှာဖြစ်ပေမယ့် ဒီလိုဖြစ်လာရေး အချိန်ယူရပါလိမ့်မယ်။

ဒီတလော ကျနော်တို့ စွန့်စားမှုတွေ ယူရလိမ့်မယ်။ နောက်နှစ်ကျရင်တော့ ပိုကောင်းရင်ကောင်းလာမယ်၊ နောက်နှစ် ဒီလို အချိန်ထိလည်း ဒီလို တူညီတဲ့ ပြဿနာတွေ ဆက်ရှိနေရင်လည်း ရှိနေပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နောက်အပတ်မှာတော့ မာဆေးဆိုဒ်ကလပ် အဲဗာတန်ကို အိမ်ကွင်း အိုးထရတ်ဖိုဒ့်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။