အမ်မိုရင်း ကစားကွက်ကြောင့် ခြေစွမ်းပျောက်သွားတဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကစားသမား

နည်းပြသစ် အမ်မိုရင်း ပွဲဦးထွက် အဖြစ် မန်ချက်စတာ ယူနိုက်တက်ဟာ တနင်္ဂနွေညက အစ်ဝစ်ချ်အသင်းကို သွားရောက် ယှဉ်ပြိုင်ရာမှာ ၁-၁ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီပွဲာ နည်းပြသစ် လက်ထက် မြင်ရမယ့် ပထမဆုံး ကစားပုံကြောင့် စောင့်ကြည့်သူတွေ များခဲ့ပေမယ့် ယူနိုက်တက်ဟာ သိသိသာသာ တိုးတက်လာခြင်း မရှိဘဲ ကစားသမားတွေက သာမာန် စွမ်းဆောင်ရည်လောက်ပဲ ပြသနိုင်ခဲ့ပါတယ်။

အမ်မိုရင်း ထုတ်သုံးလာတဲ့ ၃-၄-၃ စနစ်အရ ဂနာချိုဟာ အတွင်းထဲကို ပိုဝင်ကစားသွားခဲ့ပြီး ဒါဟာ သူ့ရဲ့ လုပ်နိုင်စွမ်းကို ကန့်သတ်လိုက်သလို ဖြစ်သွားခဲ့တယ်လို့ နောက်ထပ် သုံးသပ်သူတစ်ဦးဖြစ်တဲ့ ရော်ဘီ ဆားဗေ့ချ်က ပြောပါတယ်။

ရော်ဘီ ဆားဗေ့ချ်ကတော့ ” အမ်မိုရင်းရဲ့ စတိုင်မှာ ဂနာချို အံဝင်တယ်လို့ ကျနော် မထင်မိဘူး။ အမ်မိုရင်းက ဂနာချိုကို နံပါတ် ၁၀ သမား တစ်ဦးအဖြစ် သုံးနေတယ်။ ဂနာချိုက တောင်ပံမှာပဲ ပိုကောင်းတဲ့ ကစားသမားမျိုးပါ ” လို့ ထင်မြင်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ သုံးသပ်သူ ခရစ်ဆက်တန်ကတော့ ” ဒီရာသီ မန်ချက်စတာ ယူနိုက်တက်အသင်း ပုံစံပြောင်းလဲသွားတာမျိုးကို ကျနော်တို့ အားလုံး တကယ်ကြီး မြင်လိုကြသလား?

အမ်မိုရင်းက ကစားဟန်ကို ပြောင်းချင်တယ်။ ကစားသမားတွေက နိုင်ငံအသင်းနဲ့ တာဝန်တွေကြောင့် အဝေးကို ရောက်နေခဲ့တယ်။ အချိန်ခဏလေးနဲ့ ယူနိုက်တက်ကို ပုံစံပြောင်းသွားအောင် သူ လုပ်ပေးဖို့ မဖြစ်နိုင်ပါဘူး ” လို့ ဆိုရင်း အချိန်ပေးဖို့ တိုက်တွန်းခဲ့တယ်။