မနေ့ညက ဂိုးသွင်းပြီးနောက် ဟွိုင်းလန်းရဲ့ အောင်ပွဲခံမှု ပုံစံအသစ် နောက်ကွယ်က အကြောင်းရင်း

မန်ယူ တိုက်စစ်မှုး ရာစမပ်စ် ဟွိုင်းလန်းဟာ မနေ့ညက ဘိုဒို/ဂလမ့်နှင့် ယူရိုပါလိဂ် ပွဲမှာ မန်ချက်စတာယူနိုက်တက်အတွက် ဂိုးသွင်းယူနိုင်ပြီးနောက် ဂိုးသွင်းအောင်ပွဲခံမှုအသစ်ဖြင့် အောင်ပွဲခံလာပါတယ်။

အသက် ၂၁ နှစ်ရှိ ဒိန်းမတ်တိုက်စစ်မှူးဟာ ၂-၁ ဂိုးဖြင့် ဦးဆောင်ခံရပြီးနောက် ၂ ဂိုးသွင်းယူပြီး ၃-၂ ဖြင့် အနိုင်ရအောင် ယူနိုက်တက်ကို ကူညီပေးနိုင်ခဲ့ပါတယ်။

ဟွိုင်းလန်းဟာ ပထမပိုင်းပြီးခါနီးမှာ လှပတဲ့ ဂိုး အဆုံးသတ်မှုဖြင့် ချေပဂိုးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ဂိုးသွင်းယူပြီးနောက် ပရိသတ်များ ရှိရာသို့ ပြေးသွားခဲ့ပြီး လက်မထောင်ပြခဲ့ပါတယ်။ ပြီးလျှင် သူဟာ လက်မအောက်ပြန် စိုက်ပြခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်များဟာ ဟွိင်းလန်းရဲ့အောင်ပွဲခံမှုအသစ်ကြောင့် ဇဝေဇဝါဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ ဟွိုင်းလန်းရဲ့ ဂိုးသွင်းအောင်ပွဲခံမှုအသစ် နောက်ကွယ်မှအကြောင်းကို ဟောလီးဝုဒ်ရုပ်ရှင်သစ် Gladiator II ကြည့်ဖူးသူတွေကတော့ ချက်ချင်းရိပ်မိသွားခဲ့ကြပါတယ်။

ယင်းရုပ်ရှင်တွင် အင်ပါယာဂီတာဟာ သ-တ်ကွင်းထဲတွင် အသ-တ်ခံရသင့်သလား မသင့်ဘူးဆိုတာ ဆုံးဖြတ်ပါတယ်။ ဂီတာဟာ ပြိုင်ဘက်ရဲ့ အသတ်ခံရသင့်တဲ့သူကို လက်မအောက်စိုက်ချပြီး သတ်ဖို့ ဆုံးဖြတ်ပါတယ်။

ဒါကြောင့်လည်း ပရိသတ်တွေက ဟွိုင်းလန်းကို Gladiator Hojlund ဆိုပြီး ချစ်စနိုး ခေါ်ဝေါ်နေကြပြီ ဖြစ်ပါတယ်။

ဟွိုင်းလန်းဟာ ယခုရာသီမှာ ပထမဆုံးအကြိမ် ဂိုးပေါက်တွေ့လာတာ ဖြစ်ပါတယ်။ သူဟာ ယခုရာသီမှာ ယူနိုက်တက်အတွက် ၁၃ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းထားပါတယ်။

သူဟာ တနင်္ဂနွေနေ့ အဲဗာတန်နှင့်ပွဲမှာ ပွဲထွက်ခွင့်ရလာဖို့ တိုက်ပွဲဝင်နေပြီလည်း ဖြစ်ပါတယ်။