ပေါမာဆန်ကြီးရဲ့ မန်ချက်စတာ ယူနိုက်တက် – အဲဗာတန် ပွဲကြို သုံးသပ်ခန့်မှန်းချက် ထွက်ပါပြီ

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၈ နာရီ အချိန်မှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ချက်စတာ ယူနိုက်တက် – အဲဗာတန် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

ပေါမာဆန် ရဲ့ သုံးသပ်ချက်

ယူနိုက်တက်အတွက် အရင်အပတ်ကနဲ့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အရင်ပွဲတုန်းက အစ်ဝစ်ချ်က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်က နိုင်ပွဲတွေ ဆက်မရရင် အမ်မိုရင်းကို မေးခွန်းထုတ်လာကြတော့မှာပါပဲ။ ဒါက အသင်းကြီးတစ်သင်း ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရတဲ့ အခြေအနေပါ။

နိုင်ငံတကာပွဲတွေကနေ ပြန်လာရလို့ပဲ ပြောပြော အစ်ဝစ်ချ်ပွဲမှာ ပိုကောင်းခဲ့တာ အစ်ဝစ်ချ်ဆိုတာ ငြင်းလို့မရဘူး။ အချိန်မရလို့ပါ၊ လက်ရွေးစင်တွေထံ လွတ်ထားရလိုပါဆိုပြီး ဆင်ခြေပေးလို့လည်း မရဘူး။ အဲဒီနေရာမှာ ပိုအင်အားကောင်းတဲ့ အသင်းဆိုရင် ယူနိုက်တက်က ၅ ဂိုးလောက် ရှုံးနေခဲ့ပြီ။

အဲဗာတန်ဆိုတာက ခန့်မှန်းရခက်တဲ့ အသင်းပါ။ သူတို့က ဘောလုံးရာသီတိုင်းမှာ အားလုံးကို အံ့အားသင့်စေတဲ့ ပွဲမျိုး ၁ ပွဲလောက် ကစားလေ့ရှိတယ်။

ဒီပွဲ ယူနိုက်တက် နိုင်မှာပါ။ ဒါပေမယ့် အဲဗာတန် တစ်ခုခု လုပ်ပြမလားလည်း ခံစားမိနေတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၂-ဝ အဲဗာတန် ဖြစ်ပါတယ်။