မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဒီအပတ်ပွဲမှာ လက်မှတ်ဈေးနှုန်းမြှင့်တင်မှုအတွက် ဆန္ဒပြကြမယ့် ကလပ် ၄ သင်း

ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ချက်စတာ ယူနိုက်တက်၊ အဲဗာတန်၊ လီဗာပူး၊ မန်စီးတီး အသင်းပရိသတ်များဟာ လက်မှတ်ဈေးနှုန်းမြှင့်တင်မှုအတွက် ဆန္ဒပြလာကြပါမယ်။

Football Supporters Association (FSA) ရဲ့ ထောက်ပံ့မှုဖြင့် ပြုလုပ်လာမဲ့ ယင်းအစီအစဉ်တွင် ယူနိုက်တက် ပရိသတ်များလည်း ပါဝင်လာတာပါ။

ဒီ တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်ကွင်းမှာ အဲဗာတန်အား ဧည့်ခံကစားရမဲ့ပွဲမှာ ယူနိုက်တက် ပရိသတ်များက အဲဗာတန်ပရိသတ်များနှင့်အတူ ‘Stop Exploiting Loyalty’ ဆိုတဲ့စာသားပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်သွားပါမယ်။

ယင်းနေ့တွင်ပင် လီဗာပူးက မန်စီးတီးကို ဧည့်ခံကစားရမဲ့ပွဲစဉ်မှာလည်း နှစ်ဖက်ပရိသတ်များဟာ ‘Stop Exploiting Loyalty’ ဆိုတဲ့စာသားပါ ဆိုင်းဘုတ်ကိုပင် ကိုင်ဆောင်ကာ ဆန္ဒပြလာကြပါမယ်။

ယူနိုက်တက်ဟာ ရာသီဝက်ကာလတွင်ပင် ပွဲတစ်ပွဲ လက်မှတ်ဈေးနှုန်းအား ၆၆ ပေါင်အထိ တိုးမြှင့်သတ်မှတ်လာတာ ဖြစ်ပြီး ယင်းလက်မှတ်ဈေးနှုန်းမှာ ကလေးနှင့် ပင်စင်စားများအပေါ်မှာလည်း သက်ရောက်နေပါတယ်။

လီဗာပူးမှာလည်း ယခုရာသီတွင် လက်မှတ်ဈေးနှုန်းကို ၂ ရာခိုင်နှုန်းတိုးမြှင့်လာသလို မန်စီးတီးမှာလည်း ၅ ရာခိုင်နှုန်း တိုးမြှင့်ရောင်းချနေပါတယ်။

ဒါကြောင့်လည်း ဘောလုံးပရိသတ်များဟာ စီးပွားရေးအကြပ်အတည်း ကြုံနေရချိန်၊ အသုံးစရိတ်မြင့်မားနေချိန်တွင် ကလပ် ဘက်က ပရိသတ်များထံမှ ရသမျှ ငွေနေမှုအပေါ် ဆန္ဒပြလာကြမှာလည်း ဖြစ်ပါတယ်။