သူကတော့ ရယ်ဒီပဲလို့ အာဆင်နယ်ကို ပွဲကြို သတိ-ပေးလိုက်တဲ့ မားကပ် ရက်ရှ်ဖို့ဒ်

မန်ယူ တိုက်စစ်မှုး မားကပ်စ် ရက်ရှ်ဖို့ဒ်က တနင်္ဂနွေနေ့ညက အိုးထရက်ဖို့ဒ်မှာ အဲဗာတန်အသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမ်းမရိတ်စ်ကို သွားကစားရမယ့် ပွဲစဉ်မတိုင်ခင် အင်အားပြည့်နေပြီး အဆင်သင့်ဖြစ်နေပြီလို့ ခံစားရကြောင်း ဂန်းနားတွေကို သတိပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရှောင် ဒိုက်ချ်ရဲ့ ရုန်းကန်နေရတဲ့ အဲဗာတန်အသင်းကို တနင်္ဂနွေနေ့မှာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ မြောက်လန်ဒန်ကို သွားရောက်ပြီး အာဆင်နယ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ် ဟာ အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးအထိ အထင်ကြီးဖွယ် သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ဂန်းနားတွေနဲ့ ကစားရမယ့် ဗုဒ္ဓဟူးနေ့ပွဲစဉ်အပေါ်မှာ အင်္ဂလန်ကြယ်ပွင့်က အာရုံစိုက်နေပြီးဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ် က “အခု စောသေးပေမယ့် ကျွန်တော် အင်အားပြည့်နေပြီး လာမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ခံစားနေရပါတယ်။ ဒီပွဲက အဆုံးသတ်ရုံပဲ လုပ်ခဲ့ရပေမယ့် နောက် ပွဲက ကစားသမားတွေအတွက်တော့ အမြဲတမ်း အာရုံစိုက်ထားရမယ့်ပွဲတစ်ပွဲပါ။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ အမ်းမရိတ်စ်မှာ နောက်ဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့အချိန်က ၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းကဖြစ်ပြီး အဲဒီပွဲစဉ်မှာ အာတီတာရဲ့အသင်းက ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။