ဒီည အမ်းမရိတ်မှာ အာဆင်နယ်ကပဲ မန်ယူကို အသာရသွားမယ် ဆိုတဲ့ ဘီဘီစီ ခရစ်ဆက်တန်
ဒီညမှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ အမ်းမရိတ်ကွင်းမှာ ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း ရှိနေပါတယ်။
ပွဲကတော့ ဒီည/ ကြာသပတေး နံနက် မြန်မာစံတော်ချိန် ၂း၄၅ နာရီ အချိန်၊ အမ်းမရိတ်မှာ ယှဉ်ပြိုင်ကြမှာပါ။
ဘီဘီစီသတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ခရစ်ဆက်တန် ရဲ့ ပွဲကြို သုံးသပ်ချက်
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ရူဘန် အမ်မိုရင်းနဲ့ ပတ်သတ်ပြီး ဘာလို့ ရင်ခုန် စိတ်လှုပ်ရှားကြလဲ ကျွန်တော်နားလည် လာနိုင်ပြီ ထင်တယ်။ သူက အင်တာဗျူးတွေကို တော်တော် ချောချောမွေ့မွေ့ ကျော်ဖြတ်နေတယ်။
သူ အစကောင်းနေတာ အတွက် မြင်ရတာ ကျေနပ်မိပါတယ်။ သူ့ရဲ့ ပထမဆုံး ၃ ပွဲက ရှုံးပွဲ မရှိပါဘူး။ ဒါပေမယ့် အခုက တကယ့် စိန်ခေါ်မှုပါ။
ဒီနှစ်သင်းကြား ပွဲကောင်းတွေ အများကြီး မြင်ဖူးပါတယ်။ ဒါပေမယ့် အခုနေမှာ အာဆင်နယ်က ယူနိုက်တက် ထက် အတော် ရှေ့ရောက်နေတယ်။ အခုဆို အိုဒီဂတ်ကလည်း ပြန်ပါလာနိုင်ပြီ။

အမ်းမရိတ်မှာ ယူနိုက်တက်က တစ်ခုခု လုပ်ပြနိုင်မယ် ဆိုရင် မျက်တောင်မခတ်တမ်း ကြည့်ရမှာပါ။ ဒါပေမယ့် အဲဒီလို ဖြစ်မလာနိုင်ဘူး ထင်တယ်။
အာဆင်နယ်က ဒီတလော ဂိုးတွေ သွင်းနေပြီး ဒီပွဲမှာလည်း သွင်းမှာပါ၊ နိုင်မှာပါ။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
အာဆင်နယ် 3-1 မန်ချက်စတာ ယူနိုက်တက်