အင်္ဂလန်မြေမှာ ရှုံးပွဲ စကြုံလိုက်ရတဲ့ အမိုရင်၊ အာဆင်နယ်ကို မယှဉ်နိုင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ အာဆင်နယ် အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အိမ်ရှင် အာဆင်နယ် အသင်းက ၂-ဝ နဲ့ အနိုင်ရရှိသွားခဲ့ကာ ယူနိုက်တက်နည်းပြ အမိုရင် ကတော့ အင်္ဂလန်မြေမှာ ပထမဆုံးရှုံးပွဲကို ခံစားလိုက်ရပါပြီ။

မန်ယူအသင်းဟာ ဟော့ဂျ်လန်း၊ မောင့်၊ ဂနာချို စတဲ့ တိုက်စစ်အစုအဖွဲ့နဲ့အတူ ဖာနန်ဒက်စ်၊ မာလာစီယာ၊ အူဂတ်တီ၊ ဒါလော့ဒ်စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့သလို အာဆင်နယ်အသင်းကလည်း ဆာကာ၊ ဟာဗက်ဇ်၊ မာတင်နယ်လီ၊ ပါတေး၊ အူဂတ်တီ၊ ရိုက်စ် စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။

အိမ်ကွင်းဖြစ်တာနဲ့အညီ အာဆင်နယ်အသင်း မန်ယူအသင်းကိုပွဲစတာနဲ့ မြန်မြန်ဆန်ဆန် တိုက်စစ်ဆင်မှုတွေနဲ့ အလုပ်ရှုပ်စေခဲ့ပြီး ပထမပိုင်းမှာတော့ သွင်းဂိုး တစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပါဘူး။

ဒါပေမယ့် ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ တင်းဘားက စတင် သွင်းယူနိုင်ခဲ့သလို ဆာလီဘာကလည်း ၇၃ မိနစ်မှာ ထပ်မံသွင်းယူသွားခဲ့တာကြောင့် အာဆင်နယ်တို့ ၂ ဂိုးပြတ်နဲ့ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ကစားပုံကလည်း အားရစရာမရှိခဲ့ဘဲ အခွင့်အရေးဖန်တီးမှုပိုင်း၊ ဂိုးပေါက်ကန်သွင်းမှုတွေမှာ အာဆင်နယ်ကပဲ အသာရခဲ့တာပါ။

အထူးသဖြင့် အာဆင်နယ်ရဲ့ ထောင့်ကန်ဘောတွေက ယူနိုက်တက်ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့ပြီး ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးကလည်း ထောင့်ကန်ဘောတွေကပဲ ပေးလိုက်ရတာဖြစ်ပါတယ်။

အမိုရင် အနေနဲ့ မန်ယူအသင်းက ထပ်မံအချိန်ပေး တည်ဆောက်ဖို့ လိုအပ်နေဆဲ ဖြစ်သလို ၎င်းလိုချင်နေတဲ့ တိုက်စစ်ပိုင်းနဲ့ နောက်တန်းပိုင်းကို လာမယ့်ဆောင်းရာသီ အသင်းဘက်က အားဖြည့်ပေးဖို့တော့ လိုအပ်နေပါတယ်။