ဂိုးသွင်းကြမ်းနေပေမယ့် ဘလွန်းဒီအောမှာ ၇ ပဲ ရတဲ့ အပေါ် ရယ်မောနေခဲ့တဲ့ လီဗာပူးတိုက်စစ်မှုး ဆာလက်

လီဗာပူး တိုက်စစ်မှုး မိုဟာမက် ဆာလက်ဟာ ဘလွန်းဒီအော် ဆု စာရင်းမှာ အဆင့် ၇ သာ ရတဲ့အပေါ် ဘယ်လို သဘောရလဲလို့ မနေ့ည အဲဗာတန်နဲ့ပွဲအပြီးမှာမေးမြန်းခံခဲ့ရချိန် ထ ရယ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လီဗာပူးကြယ်ပွင့်ဟာ ပရီးမီးယားလိဂ် ကစားသမားတွေထဲ ဘလွန်းဒီအော ဆုအဆင့်မှာ စတုတ္ထမြောက် အမှတ် အများဆုံး ကစားသမားဖြစ်ပြီး ရော်နယ်ဒို၊ ကန်တီ၊ ဂျော်ဂျင်ဟိုတို့ရဲ့ နောက်မှာ ရှိနေခဲ့ပါတယ်။

ဆာလက်က ညက အဲဗာတန်နဲ့ပွဲမှာ လီဗာပူးအတွက် ၂ဂိုး သွင်းခဲ့ ပြီး ယခုအချိန်မှာ ပြိုင်ပွဲစုံ ၁၉ဂိုးအထိ သွင်းထားခဲ့ပြီ ဖြစ်ပါတယ်။ယမန်နေ့ ဂွတ်ဒင်ဆင်ပတ်ခ်မှာလည်း အထူးခြေစွမ်းပြခဲ့ပေမဲ့ ပွဲအပြီး အင်တာဗျူးမှာတော့ ၎င်းက ဘလွန်းဒီအော ဆုနဲ့ ပတ်သတ်ပြီး ရယ်မောနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

သတင်းထောက် တစ်ဦးက ဘလွန်းဒီအော ဆုပေးမှုမှာ အဆင့်၇နေရာ ရတဲ့အကြောင်းမေးတဲ့အခါ ဆာလက်က ခေါင်းခါကာ ထရယ်ခဲ့ပြီး “ကျွန်တော့်မှာ မှတ်ချက်ပေးစရာ မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

လက်ရှိ အကောင်းဆုံး ခြေစွမ်းရနေတာကြောင့် လာမယ့်နှစ်မှာ ဒီထက်ပိုကောင်းတဲ့ အဆင့်မျိုး ရနိုင်မလားလို့ မေးတဲ့အခါ ဆာလက်က “အင်း.. မျှော်လင့်ရတာပဲ။ ဒါမျိုးတော့ ဘယ်တော့မှ ကြိုမသိနိုင်ဘူးလေ။ ကျေးဇူးပါ”လို့ ဖြေခဲ့ပါတယ်။

ဒါပေမဲ့ ဘလွန်းဒီအော အကြောင်း ဖြေကြားဖို့ ငြင်းဆန်ခဲ့တဲ့ ဆာလက်ရဲ့ အပြုအမူအပေါ် အာဆင်နယ် ဂန္တဝင် အွန်နရီက ချီးကျူးခဲ့ပါတယ်။

အွန်နရီက “ဆာလက် ခုလို မှတ်ချက်ပေးခဲ့တာက ဘောလုံးနဲ့ပဲ သက်သေပြမယ်လို့ ပြောလိုက်တာပါ ဆုပေးပြီးမှ ဘယ်သူက ရသင့်ပါတယ်ဆိုပြီး ပြောနေတာ အဓိပ္ပါယ်မရှိပါဘူး။ ပွဲနေ့က အရေးအကြီးဆုံးဖြစ်ပြီး နေ့ကောင်း၁နေ့လည်း ဖြစ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ မြို့ခံပြိုင်ဘက်ကို ၄-၁ဂိုးနဲ့ ဂိုးပြတ် နိုင်ခဲ့ပေမဲ့ ချဲလ်ဆီး၊ မန်စီးတီးတို့ရဲ့နောက် တတိယနေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

Zawgyi

လီဗာပူး တိုက္စစ္မႈး မိုဟာမက္ ဆာလက္ဟာ ဘလြန္းဒီေအာ္ ဆု စာရင္းမွာ အဆင့္ ၇ သာ ရတဲ့အေပၚ ဘယ္လို သေဘာရလဲလို႔ မေန႔ည အဲဗာတန္နဲ႔ပြဲအၿပီးမွာေမးျမန္းခံခဲ့ရခ်ိန္ ထ ရယ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

လီဗာပူးၾကယ္ပြင့္ဟာ ပရီးမီးယားလိဂ္ ကစားသမားေတြထဲ ဘလြန္းဒီေအာ ဆုအဆင့္မွာ စတုတၳေျမာက္ အမွတ္ အမ်ားဆုံး ကစားသမားျဖစ္ၿပီး ေရာ္နယ္ဒို၊ ကန္တီ၊ ေဂ်ာ္ဂ်င္ဟိုတို႔ရဲ႕ ေနာက္မွာ ရွိေနခဲ့ပါတယ္။

ဆာလက္က ညက အဲဗာတန္နဲ႔ပြဲမွာ လီဗာပူးအတြက္ ၂ဂိုး သြင္းခဲ့ ျပီး ယခုအခ်ိန္မွာ ၿပိဳင္ပြဲစုံ ၁၉ဂိုးအထိ သြင္းထားခဲ့ၿပီ ျဖစ္ပါတယ္။ယမန္ေန႔ ဂြတ္ဒင္ဆင္ပတ္ခ္မွာလည္း အထူးေျခစြမ္းျပခဲ့ေပမဲ့ ပြဲအၿပီး အင္တာဗ်ဴးမွာေတာ့ ၄င္းက ဘလြန္းဒီေအာ ဆုနဲ႕ ပတ္သတ္ျပီး ရယ္ေမာေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

သတင္းေထာက္ တစ္ဦးက ဘလြန္းဒီေအာ ဆုေပးမႈမွာ အဆင့္၇ေနရာ ရတဲ့အေၾကာင္းေမးတဲ့အခါ ဆာလက္က ေခါင္းခါကာ ထရယ္ခဲ့ၿပီး “ကြၽန္ေတာ့္မွာ မွတ္ခ်က္ေပးစရာ မရွိပါဘူး”လို႔ ေျပာခဲ့ပါတယ္။

လက္ရွိ အေကာင္းဆုံး ေျခစြမ္းရေနတာေၾကာင့္ လာမယ့္ႏွစ္မွာ ဒီထက္ပိုေကာင္းတဲ့ အဆင့္မ်ိဳး ရႏိုင္မလားလို႔ ေမးတဲ့အခါ ဆာလက္က “အင္း.. ေမွ်ာ္လင့္ရတာပဲ။ ဒါမ်ိဳးေတာ့ ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ဘူးေလ။ ေက်းဇူးပါ”လို႔ ေျဖခဲ့ပါတယ္။

ဒါေပမဲ့ ဘလြန္းဒီေအာ အေၾကာင္း ေျဖၾကားဖို႔ ျငင္းဆန္ခဲ့တဲ့ ဆာလက္ရဲ႕ အျပဳအမူအေပၚ အာဆင္နယ္ ဂႏၱဝင္ အြန္နရီက ခ်ီးက်ဴးခဲ့ပါတယ္။

အြန္နရီက “ဆာလက္ ခုလို မွတ္ခ်က္ေပးခဲ့တာက ေဘာလုံးနဲ႔ပဲ သက္ေသျပမယ္လို႔ ေျပာလိုက္တာပါ ဆုေပးၿပီးမွ ဘယ္သူက ရသင့္ပါတယ္ဆိုၿပီး ေျပာေနတာ အဓိပၸါယ္မရွိပါဘူး။ ပြဲေန႔က အေရးအႀကီးဆုံးျဖစ္ၿပီး ေန႔ေကာင္း၁ေန႔လည္း ျဖစ္ခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ၿမိဳ႕ခံၿပိဳင္ဘက္ကို ၄-၁ဂိုးနဲ႔ ဂိုးျပတ္ ႏိုင္ခဲ့ေပမဲ့ ခ်ဲလ္ဆီး၊ မန္စီးတီးတို႔ရဲ႕ေနာက္ တတိယေနရာမွာ ဆက္ရွိေနဆဲ ျဖစ္ပါတယ္။