ဆာလီဘာရဲ့ဂိုးအတွက် မားကပ် ရက်ရှ်ဖို့ဒ်ကို မကျေနပ်ဘဲ တင်းနေကြတဲ့ မန်ယူနိုက်တက် ပရိသ-တ်များ

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ ဗုဒ္ဓဟူးနေ့ညက အမ်းမရိတ်စ်မှာ အာဆင်နယ်က အနိုင်ရခဲ့တဲ့ပွဲစဉ်က ဒုတိယမြောက်သွင်းဂိုးမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဆုံးဖြတ်ချက် ချမှတ်မှုနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့ပါတယ်။

ယူရီယန် တင်းဘားနဲ့ ဝီလီယံ ဆာလီဘာတို့ဟာ အိမ်ရှင် ဂန်းနားတွေအတွက် ၂-၀ နိုင်ပွဲရရှိအောင် ကူညီပေးခဲ့ကြတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တည်ကန်ဘောကနေ အန္တရာယ်အပေးနိုင်ဆုံးအသင်းဆိုတဲ့ နာမည်ကို ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးဟာ ထောင့်ကန်ဘောကနေတဆင့် ရရှိသွားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ပင်နယ်တီဧရိယာထဲမှာ ဖြတ်တင်ပေးပို့မှုတွေကြောင့် စိတ်လှုပ်ရှားစရာတွေ ဖြစ်စေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီတည်ကန်ဘောတွေထဲက တစ်ကြိမ်ကိုတော့ မန်ချက်စတာယူနိုက်တက်အသင်း က ကာကွယ်နိုင်ခဲ့သင့်တာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ထောင့်ကန်ဘောအလံတိုင်နားမှာ အိုဒီဂတ် ရဲ့ ဖိအားပေးခံနေရတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးကို တော့ပြီး ရှင်းထုတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထင်ထားသလို ဖြစ်မလာခဲ့ဘဲ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးရဲ့ မြေမကျဘော ကန်ချက်က စည်းကျော်သွားခဲ့တာကြောင့် အာဆင်နယ်အသင်းက ထောင့်ကန်ဘောရသွားခဲ့ပြီး ဆာကာရဲ့ ကန်တင်ပေးပို့မှုကို ပါတေးက ခေါင်းတိုက်ခဲ့ရာမှာ ဆာလီဘာနဲ့ထိပြီး ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အဲဗာတန်နဲ့ပွဲမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်နဲ့ပွဲအတွက် ရူဘင် အမိုရင်ရဲ့ ပွဲထွက်လူစာရင်းထဲကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး ၅၉ မိနစ်မှာသာ လူစားဝင် ကစားသမားအဖြစ် ဝင်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ တည်ကန်ဘောတွေက ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာ သိသိကြီးနဲ့ ထောင့်ကန်ဘော ပေးရအောင် လုပ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပရိသတ်တွေက ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။