စနေည ဖောရက်စ်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံတဲ့ပွဲ မန်ယူ မနိုင်ဘူး ဆိုတဲ့ ဆရာကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်း

မန်ချက်စတာ ယူနိုက်တက် က ဒီတပတ် မှာတာ့ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

ပွဲကတော့ မနက်ဖြန် စနေနေ့ည ၁၂ နာရီ၊ အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒါက မန်ချက်စတာ ယူနိုက်တက် အတွက် ခက်ခဲတဲ့ ပွဲပါ။ နော်တင်ဟမ် ဖောရက်စ်ဟာ ဒီရာသီ အန်းဖီးမှာ လီဗာပူးကို သွားရင်ဆိုင်တုန်းကလို ကစားနိုင်ရင် အိုးထရက်ဖို့ဒ်မှာ အိမ်ရှင် ယူနိုက်တက် ဒုက္ခ များသွားနိုင်ပါတယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ စိတ်ရှည်မှ ဖြစ်မယ်။ သူတို့ လိုချင်တဲ့ ရလဒ်တွေ ရဖို့ အချိန် တစ်ခုတော့ ယူရလိမ့်မယ်။ အမ်မိုရင်းက နည်းပြကောင်း ဖြစ်လို့ လမ်းမှန်ပေါ် ရောက်လာမှာပါ။

ဖောရက်စ်က အရင်ရက် မန်ချက်စတာ စီးတီးကို ရှုံးထားပေမယ့် အိုးထရက်ဖို့ဒ်မှာ ပြသနာတွေ ပေးပါလိမ့်မယ်။ သူတို့က တောင်ပံတွေက ကောင်းပြီး ဒါက ယူနိုက်တက်ကို ခံစားရအောင် လုပ်သွားနိုင်ပါတယ်။

ကျွန်တော်ကတော့ ဒီပွဲ သရေ လို့ပဲ မှန်းချက်တယ်။

ပေါမာဆန် ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၂-၂ နော်တင်ဟမ် ဖောရက်စ် ဖြစ်ပါတယ်။