လက်ရှိ မန်ယူအသင်းက မှန်းရခက်ခဲကြောင်း ပွဲကြိုမှာ ဝန်ခံခဲ့တဲ့ ဖောရက်စ် နည်းပြ နူနိုဆန်းတို့စ်
မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ ပတ်သက်ပြီး ခန့်မှန်းလို့ မရကြောင်း နော်တင်ဟမ်ဖောရက်စ်နည်းပြ နူနိုဆန်းတို့စ်က ပြောပါတယ်။
မန်ချက်စတာ ယူနိုက်တက် က ဒီတပတ် မှာတာ့ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။
ပွဲကတော့ ဒီစနေနေ့ည ၁၂ နာရီ၊ အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဖောရက်စ်မှ ပေါ်တူဂီသား နည်းပြဆန်းတို့စ်ကတော့ တနိုင်ငံတည်းသားနည်းပြ အာမိုရင်ဟာ ကစားသမားတွေရဲ့ အကြောင်းကို ပိုမို သိရှိနားလည်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး အပြောင်းအလဲတွေ အများကြီး လုပ်ဆောင်ထားတဲ့အတွက် ဘယ်လိုရလဒ်ထွက်မလဲ ဆိုတာ ခန့်မှန်းဖို့ ခက်ခဲကြောင်း ပြောဆိုခဲ့ပါတယ်။
လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အရည်အသွေးရှိ ကစားသမားတွေနဲ့ ပါရမီရှင်ကစားသမားတွေရှိပြီး ကိုယ့်အသင်း အပေါ်မှာပဲ အာရုံစိုက်ပြီး ပြင်ဆင်သွားရမှာဖြစ်တယ်လို့ နူနိုဆန်းတို့စ်က ပြောပါတယ်။
ယူနိုက်တက် နည်းပြ အမ်မိုရင်းဟာ မန်ချက်စတာ ကလပ်နဲ့ အရှုံး ရလဒ်လည်း ကြုံဖူးသွားပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ ရဲရဲရင့်ရင့် ဆက်လက် လှုပ်ရှားသွားမယ် မျှော်လင့်ရပါတယ်။