ဒီည ယူနိုက်တက် – နော်တင်ဟမ် ဖောရက်စ် ပွဲမှာ ထူးထူးခြားခြား ရွေးချယ်မှု လုပ်ခဲ့တဲ့ ခရစ်ဆက်တန်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့တွေ့နေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။
ပွဲကတော့ ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီ အချိန် ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က ယူနိုက်တက်နဲ့ နော်တင်ဟမ် ဖောရက်စ် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ကာ ဒီတခါတော့ ယူနိုက်တက် ဘက်က ရပ်တည်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ပြီးခဲ့တဲ့ရက်က မန်ချက်စတာ ယူနိုက်တက် အာဆင်နယ်ကို ရှုံးတာ မြင်ခဲ့ရပါတယ်။ ကျွန်တော် မှန်းတာ မှန်ခဲ့တယ်၊ ဒါက တပတ်တာအတွက် အလွယ်ကူဆုံး ခန့်မှန်းရတဲ့ပွဲလည်း ဖြစ်ပါမယ်။
ဒါက ယူနိုက်တက် နည်းပြ အမ်မိုရင်းကို ပုတ်ခတ်နေတာ မဟုတ်ပါဘူး။ သူ လုပ်စရာတွေနဲ့ လက်ရှိ ထိပ်တန်းအသင်းတွေကို ယှဉ်ပြိုင်ရတာ က တကယ်ကို ခက်ခဲမှာပါ။ ဒီအလုပ်ရဲ့ သဘောတရားကိုက အခြေအနေတွေ ပြောင်းလဲပစ်ဖို့ သူက လတွေချီပြီး အချိန်ယူရဖို့ ရှိပါတယ်။
ဒီတပတ်ပွဲကလည်း ယူနိုက်တက် အတွက် လွယ်ကူ ဖြောင့်တန်းမှာတော့ မဟုတ်ဘူး။ ဖောရက်စ်က ဒီရာသီ အန်းဖီးမှာ လီဗာပူးကို နိုင်ထားတယ်။

ကြားရက်က စီးတီးနဲ့ပွဲမှာလည်း သူတို့ အခွင့်ကောင်းတွေ ရခဲ့သေးတယ်။ ဒီတော့ ဒီပွဲမှာလည်း ဖောရက်စ်က လုပ်တော့ လုပ်ပြမယ် ကျွန်တော် မျှော်လင့်ထားတယ်။
ဒီတကြိမ် ခန့်မှန်းရတာ နည်းနည်းတော့ အကြောက်တရား ပါ ပါလိမ့်မယ်။ ကျွန်တော်က အီတီဟက်မှာ ဖောရက်စ် အမှတ်ယူသွားမယ် ခန့်မှန်းခဲ့ပေမယ့် မှားခဲ့တယ်။
ဒီတော့ ဒီတပတ် မန်ချက်စတာမှာလည်း ဒါမျိုး ထပ် ခန့်မှန်းဖို့ရာ မရဲတော့ပါဘူး။ ဒါပေမယ့် ဒီပွဲမှာ ဖောရက်စ်က ဂိုးတော့ သွင်းမှာပါ။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၂-၁ နော်တင်ဟမ် ဖောရက်စ်။