လူစာရင်းကို မကိုင်တတ်ရင် ချယ်ဆီးနည်းပြကို အတုယူဖို့ တိုက်တွန်းပြောဆိုခံလိုက်ရတဲ့ အမိုရင်
သရဲနီဟောင်းကြီး ဂယ်ရီ နဗီးက စနေနေ့ညက နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရူဘင် အမိုရင်ရဲ့ လူစာရင်း ရွေးချယ်မှုနဲ့ပတ်သက်ပြီး တည်ငြိမ်မှု စတင်ပြသဖို့ တောင်းဆိုခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာ အာဆင်နယ်နဲ့ပွဲစဉ်တုန်းက ပွဲထွက်လူစာရင်းကို ၄ နေရာအထိ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နဗီးက အမိုရင်အနေနဲ့ သူ့ရဲ့ ကစားကွက်အသစ်အတွက် အမာခံကစားသမားအစုအဖွဲ့တစ်ခု အထိုင်ကျအောင် လုပ်ဖို့ လိုအပ်မယ်လို့ ယုံကြည်နေပြီး အန်ဇို မာရက်စ်ကာက ချဲလ်ဆီးလူစာရင်းကို ပရီးမီးယားလိဂ်နဲ့ ယူရိုပါကွန်းဖရင့် လိဂ် အတွက် အားကောင်းတဲ့ အစုအဖွဲ့ ၂ ခုခွဲပြီး နမူနာပြသခဲ့တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
” ခင်ဗျား ကစားသမားတွေကို အပြောင်းအလဲတွေ ဆက်ပြီး လုပ်နေတဲ့အခါမှာ ခံစစ် ၃ ဦးကို အပြောင်းအလဲတွေ ဆက်လုပ်နေတဲ့အခါမှာ၊ ကစားသမား ၅ ယောက်အထိ လူစားလဲတဲ့အခါမှာ သူတို့အားလုံးကို အကျိုးသက်ရောက်မှု ရှိရှိကစားဖို့ ပြောလို့ရနိုင်မယ်မထင်ဘူး။
ဘာလို့လဲဆိုတော့ ပွဲအစကတည်းက သူတို့က မပါဝင်ခဲ့တာ သိသာနေတာမို့လို့ပါ။ အဲဒါက သူတို့ကို ခင်ဗျား မယုံဘူးဆိုတဲ့သဘောပဲလေ။

တန်ဟက်က လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ဒီအတိုင်း လုပ်ပြီးရင်း လုပ်နေခဲ့တယ်။ သူ နောက်တန်းတွေကို အပြောင်းအလဲတွေ ဆက်လုပ်တယ်။ ကွင်းလယ်ကို ပြောင်းတယ်။ ရုတ်တရက်ပဲ ခင်ဗျားက မတူညီတဲ့ကစားကွက်မျိုးနဲ့ ကစားရတယ်။
မတူညီတဲ့ ကစားသမားအစုအဖွဲ့တွေနဲ့ ပွဲပြီးခါနီးမှာ ကစားရတဲ့အခါမှာ ဘယ်တော့မှ တည်ငြိမ်မှု ရမှာမဟုတ်ပါဘူး။ ကစားသမားတွေဘာသာ လုပ်ဖို့ ထားထားရမယ့် အရာတွေ ရှိပါတယ်။ သူတို့တွေက ပထမပိုင်းမှာ ကစားတာ မဆိုးပါဘူး။
သူတို့တွေ ထောင့်ကန်ဘောနဲ့ပတ်သက်ပြီး သာမန်အောက် ကျနေတာတော့ သိသာပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ကစားပုံက အဲဒီလောက် မဆိုးပါဘူး။ ပြီးတော့ ခင်ဗျား ပထမပိုင်းအပြီး ဒုတိယပိုင်းအစ ၁၀ မိနစ်မှာ ကိုယ့်ဘာသာ ဒုက္ခရောက်စေမယ့် အမှား ၂ ခုလုပ်ခဲ့တယ်။ ပြီးတော့ ခင်ဗျား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ရုတ်တရက်ပဲ အရာအားလုံးက တစ်စစီ ဖြစ်ကုန်တယ်။
ကြည့်ရတာ လုံးဝကို ဖြစ်ချင်တိုင်း ဖြစ်နေတယ်။ အဆုံးမှာ အသင်းက စုတ်ပြတ်သပ်နေတဲ့ပုံပေါ်ခဲ့တယ်။ ဘာပုံစံမှ မရှိခဲ့ဘူး။ အနည်းဆုံးတော့ ပထမပိုင်းမှာ သူတို့တွေ အရမ်းမကောင်းခဲ့ရုံပဲလို့ ကျွန်တော် တကယ် တွေးမိခဲ့ပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ သူတို့မှာ ပုံစံလေးတော့ ရှိနေခဲ့သေးတယ်။
မာရက်စ်ကာ အခု ချဲလ်ဆီးမှာ လုပ်နေတာက စနေ၊ တနင်္ဂနွေမှာ ၁၁ ယောက် ကစားခိုင်းနေတယ်။ ပြီးတော့ ကြားရက် သီတင်းပတ်အလယ်မှာ မတူညီတဲ့ ၁၁ ယောက်ကို ကစားခိုင်းတယ်။ သူက ကစားသမားတွေကို အသင်းမှာ တည်ငြိမ်မှုရှိတယ်ဆိုတဲ့ သတင်းစကားအချို့ ပေးနေတယ်။
ဒါက ကျွန်တော်တို့ လုပ်ရမယ့်အရာပါ။ အဲဒီလိုပဲ ကစားရမှာပါ။ ဒါက ကျွန်တော် အယုံအကြည်ရှိတဲ့ စိတ်ကူးမျိုးပါ။ “လို့ ပြောကြားခဲ့ပါတယ်။