အက်ရှ်ဝါ့ဒ် မန်ချက်စတာ ယူနိုက်တက်မှ နှုတ်ထွက်မှုရဲ့ နောက်ကွယ်က တီးတိုး အကြောင်းအရင်း

မန်ချက်စတာ ယူနိုက်တက် အသင်း အားကစားဒါရိုက်တာ ဒန် အက်ရှ်ဝါ့ဒ်ကတော့ အသင်းနဲ့ ၅ လကြာ လက်တွဲပြီးနောက် ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းထံမှ ခက်ခက်ခဲခဲ ခေါ်ယူခဲ့ရတဲ့ အက်ရှ်ဝါ့ဒ်ကို မန်ယူအသင်းက ကာလရှည် လက်တွဲဖို့ စီစဉ်ခဲ့တာကြောင့် ယခုတစ်ခေါက် လမ်းခွဲမှုက ပရိသတ်တွေအတွက် အံ့အားသင့်စရာ ဖြစ်လာခဲ့ပါတယ်။

အက်ရှ်ဝါ့ဒ် နှုတ်ထွက်မှုဟာ ယူနိုက်တက်ရဲ့ နည်းပြပိုင်း အပြောင်းအလဲနဲ့လည်း သက်ဆိုင်ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အတည်မပြုနိုင်တဲ့ အသင်းတွေ အရ ယူနိုက်တက် နည်းပြသစ် အဖြစ် အမ်မိုရင်းကို ခန့်အပ်မှုဟာ စီအီးအို ဘရန်ဒါ ရဲ့ အဓိက ဆုံးဖြတ်မှု ဖြစ်ပြီး အက်ရှ်ဝါ့ဒ် သဘောတူညီမှု မပါခဲ့ကြောင်း ၎င်းက ဆောက်ဂိတ်ကို နည်းပြ ခန့်စေချင်တာ ဖြစ်ကြောင်းလည်း ဖော်ပြနေကြပါတယ်။

ဖောရက်စ်ကို ရှုံးခဲ့ပြီးနောက် အက်ရှ်ဝါ့ဒ်နဲ့ မန်ယူအသင်းကြား လမ်းခွဲဖို့ ပိုမို သေချာသွားစေခဲ့တာ ဖြစ်ပြီး စီအီးအို ဘာရန်ဒါနဲ့ မနေ့ည တွေ့ဆုံခဲ့ပြီး တရားဝင် သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အက်ဝါ့ဒ်ဟာ အသင်းနောက်ဆုံးခေါ်ယူခဲ့တဲ့ ကစားသမားသစ် သုံးစွဲမှု ပေါင် သန်း ၂၀၀ မှာ ပါဝင်ပတ်သက်ခဲ့သူ တစ်ယောက် ဖြစ်ပြီး ရိုယို၊ အူဂတ်တီ၊ ဒီလစ်ဂျ်၊ မက်ဇရာအိုယီ၊ ဇာ့ဇ်ခီ စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

မန်ယူအသင်းဟာ အက်ရှ်ဝါ့ဒ်ကို ခေါ်ယူခန့်အပ်ဖို့အတွက် နယူးကာဆယ်ကို လျော်ကြေး ပေါင် သန်း ၂၀ အထိ ပေးချေဖို့ ရှိနေပြီး လက်တလော ပေါင် ၂ သန်းနဲ့ ၃ သန်းကြား ပမာဏတစ်ခုကိုတော့ ပေးချေထားပြီးကြောင်းလည်း သတင်းရရှိပါတယ်။