မန်ယူက အားကစား ဒါရိုက်တာသစ် ခန့်ဦးမလားနဲ့ ထွက်သွားတဲ့ အက်ရှ်ဝါ့ က အာဆင်နယ် ရောက်သွားမလား အခြေအနေ
မန်ချက်စတာယူနိုက်တက်ဟာ အသင်းမှာ ၅ လကြာ တာဝန်ထမ်းဆောင်ရသေးတဲ့ ဒင်းအက်ရှ်ဝါ့ကို ထုတ်ပယ်လိုက်ပြီးတဲ့နောက် အားကစား ဒါရိုက်တာသစ် ထပ်မံ ခန့်အပ်လာတော့မှာ မဟုတ်ပါဘူး။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ စနေနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ ဖြင့် ရှုံးနိမ့်ပြီးနောက် ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ဒင်းအက်ရှ်ဝါ့ကို ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒင်းအက်ရှ်ဝါ့ဟာ ယူနိုက်တက်သမိုင်းတွင် ပထမဆုံးခန့်အပ်တဲ့ ပထမဆုံး အားကစားဒါရိုက်တာ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်တွင် ၅ လကြာသာ တာဝန်ထမ်းဆောင်ရပြီးနောက် ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ထုတ်ပယ်လိုက်တဲ့ ဒင်းအက်ရှ်ဝါ့နေရာမှာ အစားထိုးခန့်အပ်လာမှာ မဟုတ်ဘဲ ယင်းရာထူးကိုလည်း ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။
အားကစားဒါရိုက်တာတာဝန်ကို ဆာဂျမ်ရက်ကလစ်ဖ်ရဲ့ ညာလက်ရုံး ဆာဒေ့ဗ်ဘရဲလ်ဖို့ဒ်၊ ယူနိုက်တက်စီအီးအိုအိုမာဘာရာဒါ၊ နည်းစနစ်ဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်တို့က ပူးတွဲ ထမ်းဆောင်သွားကြပါမယ်။

အသက် ၅၃ နှစ်ရှိ အက်ရှ်ဝါ့ဟာ အနာဂတ်လမ်းစဉ်နှင့်ပတ်သက်ပြီး စီအီးအိုဘာရာဒါနှင့် အငြင်းပွားရာတွင် အရေးနိမ့်ပြီးနောက် ထွက်ခွာခဲ့ရတာပါ။
ဒင်းအက်ရှ်ဝါ့ဟာ ယူနိုက်တက်မှ ထွက်ခွာခဲ့ရပေမဲ့လည်း အလုပ်လက်မဲ့အဖြစ် တာရှည်ရှိနေဖို့ မရှိပါဘူး။ သူ့ကို အာဆင်နယ်ကို ပစ်မှတ်ထားနေပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အီဒူး ဆိုင်းမဆင့်ဗုံမဆင့် ထွက်ခွာသွားပြီးနောက် အားကစားဒါရိုက်တာသစ် ခန့်အပ်ရန် ရှာဖွေနေပါတယ်။
အက်ရှ်ဝါ့ဟာ အာဆင်နယ်စီမံခန့်ခွဲရေးဒါရိုက်တာ ရစ်ချက်ဂါလစ်ခ်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးသူ ဖြစ်ပါတယ်။ ဂါလစ်ခ်ဟာ အားကစားဒါရိုက်တာသစ်ခန့်အပ်ရေး ရှာဖွေမှုကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။
အက်ရှ်ဝါ့ဟာ နယူးကာဆယ်၊ ဘရိုက်တန်၊ ဝက်စ်ဘရွန်း၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တို့တွင် အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။