မန်ချက်စတာ ယူနိုက်တက်ရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမားကို ဇန်နဝါရီမှာ ရောင်းထုတ်ဖို့ ပြင်ဆင်လာပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းမှာ လစာ အများဆုံးဖြစ်တဲ့ ထိပ်တန်း လုပ်ခရှင် တိုက်စစ်မှုး မာကပ်ရက်ဖိုဒ့် ကို ရောင်းထုတ်တော့မယ်လို့ သတင်းထွက်နေပါတယ်။
အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ နဲ့ ၂၀၂၈ ခုနှစ်ထိ ယူနိုက်တက်မှာ ရှိနေမယ့် စာချုပ် ရှိထားသူဖြစ်ပါတယ်။
ဒါပေမယ့် ရက်ဖို့ဒ်ဟာ ဒီနှစ်တွေအတွင်း သူ့ရဲ့ မတည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ဝေဖန်ခံရမှုတွေ ရှိနေသူပါ။
နည်းပြအမ်မိုရင်းရဲ့ အစောဆုံး ၃ ပွဲမှာ ၃ ဂိုး သွင်းယူနိုင်ခြင်းကြောင့် ရက်ဖိုဒ့်ရဲ့ အလားအလာကောင်းတွေ ပြန်မြင်ရမယ်လို့ ယူဆခဲ့ကြပေမယ့် အင်္ဂလန်သားဟာ မျှော်လင့်ချက်ကောင်းတွေကို ထိန်းသိမ်းနိုင်ခြင်း မရှိပါဘူး။

အာဆင်နယ်နဲ့ ဖောရက်စ်တို့ကို ရှုံးနိမ့်တဲ့ပွဲတွေမှာ အရန်ခုံကို ဆက်တိုက် ပို့ခံရတဲ့နောက် ရက်ဖိုဒ့်ရဲ့ အနာဂတ်က မေးခွန်းထုတ်ခံလာရတယ်။
ဒီအချိန်မှာပဲ လာမယ့် ဇန်နဝါရီမှာ ရက်ဖိုဒ့် ထွက်ခွာနိုင်ကြောင်း တယ်လီဂရပ်ဖ် အပါအဝင် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာနေပါတယ်။
စကိုင်း သတင်းထောက် Plettenberg ကတော့ “ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေနောက်ဆုံးထားပြီး ရက်ဖိုဒ့်ကို ရောင်းထုတ်ဖို့ စီစဉ်နေသလို ဇန်နဝါရီမှာ ကမ်းလှမ်းမှုတွေ ရခဲ့ရင်လည်း စဉ်းစားပေးတော့မှာပါ။
အမ်မိုရင်း လက်ထက် ရက်ဖိုဒ့်ရဲ့ တိုးတက်မှုကို ယူနိုက်တက်က ကြည့်နေပေမယ့် ရောင်းထုတ်မရတဲ့ ကစားသမားမျိုး မဟုတ်တော့ပါဘူး။ သူ့ရဲ့ လုပ်ခကြီးမြင်မှုကပဲ သူ့ကို ရောင်းထုတ်နိုင်တဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ” လို့ ထုတ်ဖော်ခဲ့ပါတယ်။