ယူရိုပါလိဂ်ပွဲကန်ဖို့ ခရီးထွက်သွားတဲ့ ယူနိုက်တက် လူစာရင်း၊ ဘယ်နောက်ခံလူသစ် ရခြင်း၊ ရပ်ရှ်ဖို့ဒ် ပြောင်းရွှေ့ကြေးနဲ့ မန်ယူ ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက် ဟာ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၄ဝ အနည်းဆုံး သတ်မှတ်ကာ ကမ်းလှမ်းမှုများကိုနားစွင့်နေပြီ ဖြစ်ပါတယ်။

ယူနိုက်တက် ဟာ ပါရာဂွေးကလပ် Cerro Porteño အသင်းမှ အသက် ၁၇ နှစ်အရွယ် ဘယ်နောက်ခံလူ Diego León ကိုခေါ်ယူဖို့ ကလပ်အသင်းနဲ့ရော ကစားသမားနဲ့ပါ အကြိုသဘောတူညီမှုရခဲ့ပြီး လို့ သိရပါတယ်။

မန်ယူနည်းပြ အမိုရင်ကတော့ အားကစား ဒါရိုက်တာ အက်ရှ်ဝါ့ဒ် ထွက်ခွါသွားမှုအပေါ် အလွန်အံ့အားသင့်မိကြောင်းဝန်ခံခဲ့သလို အသင်းရဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုတော့ ထိခိုက်မှာ မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Viktoria Plzen ရင်ဆိုင်မည့် ယူရိုပါလိဂ်ပွဲစဉ်အတွက် ချက်ဇ် နိုင်ငံသို့ ထွက်ခွာခဲ့သည့် ယူနိုက်တက်လူစာရင်း ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဂိုး – Bayindir, Heaton, Onana
နောက်တန်း – Dalot, De Ligt, Lindelof, Maguire, Malacia, Martinez, Mazraoui, Yoro
ကွင်းလယ် – Casemiro, Collyer, Eriksen, Fernandes, Mainoo, Mount, Ugarte
တိုက်စစ် – Amad, Antony, Garnacho, Hojlund, Rashford, Zirkzee

ပွဲ ကတော့ ဒီ ကြာသပတေး ည ၁၂း၁၅ နာရီ အချိန်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပလိုင်းမောက် နည်းပြ ရွန်းနီကတော့ မန်ယူအသင်းရဲ့ ဝါရင့်လက်ထောက်နည်းပြဟောင်း မိုက်ဖီလန်ကို ခေါ်ယူခန့်အပ်လိုက်ပါတယ်။

အသင်းလက်မဲ့ ဖြစ်နေတဲ့ တန်ဟက်နဲ့ ဂရေဟမ် ပေါ်တာ တို့ကို ဥရောပ ထိပ်သီးအသင်း တစ်သင်းက စောင့်ကြည့်နေကြောင်း သိရှိရပါတယ်။