ရက်ဖို့ဒ်က မန်ယူမှာမို့ ရုန်းကန်နေရတာ၊ အာဆင်နယ်မှာဆို ခြေစွမ်းပြမှာ လို့ လီဗာပူး ကစားသမားဟောင်းကြီး သုံးသပ်

မန်ယူတိုက်စစ်မှုး မားကပ်စ် ရက်ရှ်ဖို့ဒ်သာ အာဆင်နယ်မှာ ကစားနေတာဆိုရင် အခုထက် အများကြီး ပိုမိုကောင်းမွန်လိမ့်မယ်လို့ လီဗာပူးလ်ဂန္တဝင်ကွင်းလယ်ဟောင်း ဒန်နီ မာဖီကယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် အိုးထရက်ဖို့ဒ် အကယ်ဒမီထွက် ကစားသမားကို ရောင်းထုတ်ချင်တဲ့ဆန္ဒရှိနေတယ်လို့ ယခုအပတ် အစောပိုင်းမှာ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာလည်း လိဂ် ၁၅ ပွဲမှာ သွင်းဂိုး ၄ ဂိုးသာ သွင်းယူထားနိုင်သေးပြီး အင်္ဂလန်ကွင်းလယ်လူဟောင်း မာဖီကတော့ သရဲနီကြယ်ပွင့်အနေနဲ့ အိုးထရက်ဖို့ဒ်အစား အာဆင်နယ် ဒါမှမဟုတ် စပါးမှာဆိုရင်တောင်မှ အခုထက် ပိုကောင်းမွန်လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ သူ့မှာ ကမ္ဘာ့အဆင့် တစ်ရာသီပိုင်ဆိုင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ ကိန်းဂဏန်းတွေက အရမ်းကို ကောင်းခဲ့တယ်။ သူ့မှာရှိတဲ့ အရည်အချင်းတွေနဲ့ဆိုရင် သူ ဒီထက် ပိုလုပ်နိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်။

သူက မန်ယူနိုက်တက်မှာ ရှိနေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် နည်းပြပြဿနာတွေက ဘယ်တုန်းကမှ မတည်ငြိမ်ခဲ့ဘူး။ အပြောင်းအလဲတွေ အများကြီးရှိခဲ့တယ်။ သူသာ ပိုကောင်းတဲ့အသင်း၊ ပိုအောင်မြင်တဲ့အသင်း၊ ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ နည်းပြလက်အောက်မှာ ကစားရမယ်ဆိုရင် မတူညီတဲ့ ရလဒ်ကို ကျွန်တော်တို့ မြင်ရနိုင်တယ်။

ကျိန်းသေပေါက် ကြိုမသိနိုင်ပေမယ့် အရမ်းတည်ငြိမ်ပြီး အရမ်းယုံကြည်ချက်ရှိတဲ့၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းမှာ ကစားရင် သူ့ရဲ့ အရည်အသွေးတွေက အများကြီးပိုကောင်းလာနိုင်တယ်။

ဘာလို့လဲဆိုတော့ အာဆင်နယ်က သူတို့ကစားခဲ့တဲပွဲတွေမှာ တကယ်ကို လွှမ်းမိုးထားနိုင်ခဲ့လို့ပါ။ မာတီနယ်လီကျတော့ ဘာလို့ ခြေစွမ်းသိပ်မပြနိုင်တာလဲလို့ ခင်ဗျား ငြင်းနိုင်တယ်။ မာတီနယ်လီထက်စာရင် ရက်ရှ်ဖို့ဒ်ကို ပိုပြီး သုံးချင်တဲ့သူအချို့ရှိပါလိမ့်မယ်။ စပါးမှာဆိုရင်လည်း သူ ကောင်းကောင်း လုပ်နိုင်ပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။