အီတီဟက်မှာ ကန်မယ့် စီးတီး – ယူနိုက်တက် မန်ချက်စတာ ဒါဘီပွဲမှာ ဘယ်အသင်းနိုင်မလဲ ဖာဒီနန် သုံးသပ်

သရဲနီဟောင်းကြီး ဖာဒီနန်ကတော့ ဒီတပတ် စီးတီးနဲ့ ယူနိုက်တက် တို့ အီတီဟက်ကွင်းမှာ ကန်ရမယ့် မန်ချက်စတာ ဒါဘီပွဲကြို သုံးသပ်မှုတွ ပြုလုပ်ထားပြီ ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးဟာ ကြားရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ ဂျူဗင်တပ် အသင်းကို ၂-ဝ နဲ့ အရေးနိမ့်ကာ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၁ဝ ပွဲထဲ ၇ ပွဲမြောက် ရှုံးပွဲ ရင်ဆိုင်ခဲ့ရပါတယ်။

တဖက်မှာ မန်ချက်စတာ ယူနိုက်တက် က နှစ်ပွဲဆက် ရှုံးပြီးနောက် စွမ်းဆောင်ရည် မတည်ငြိမ်သေးသည့်တိုင် ကြားရက်က ပါတီဇန်နဲ့ ပွဲမှာ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

သရဲနီဟောင်းကြီး ဖာဒီနန်ကတော့ ဒီတပတ် ပွဲမှာ ရုန်းကန်နေရသူချင်းတွေ့ချိန် ယူနိုက်တက်က အသာရသွားမယ် လို့ မျှော်လင့်ထားပါတယ်။

” (ရုန်းကန်နေရတဲ့) မန်စီးတီး အတွက် လာမယ့် နောက်ပွဲက စိန်ခေါ်မှု အကောင်းဆုံးပွဲ ဖြစ်လာတော့မှာပါပဲ။ မန်ချက်စတာ ဒါဘီပွဲပါ။

သူတို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ချင်တယ် ဆိုရင်တောင် ယူနိုက်တက်ကို အနိုင်ယူလိုက်တာက ယုံကြည်မှုတွေ အကုန် ပြန်စုစည်းနိုင်ဦးမှာ မဟုတ်ဘူး။

ကျွန်တော်ကတော့ အဲဒီပွဲ အတွက် အနီရောင် မန်ချက်စတာတွေဘက်ကပဲ ရပ်တည်မှာ။ ယုံကြည်မှု မရှိဘဲ ပြန်တည်ဆောက်နေရတဲ့ အသင်းချင်း တွေ့တဲ့ပွဲပေါ့ဗျာ။ ” လို့ ဖာဒီနန်က ပြောဆိုသွားပါတယ်။

မန်ချက်စတာ စီတီးဟာ ဂျူဗင်တပ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၀% ထိ ရှိခဲ့တာ ဖြစ်ပေမယ့် ဒုတိယပိုင်းမှာ ဂိုးတွေ ပေးခဲ့ရကာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။