အကောင်းဆုံး ဂိုးကာကွယ်မှု ဆုရ အိုနာနာ၊ နောက်နှစ် ရောက်လာမယ့် ဘယ်နောက်ခံလူသစ်၊ ဘရူနိုရဲ့ ပါဝင်မှုနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
ယူနိုက်တ် ဂိုးသမား အိုနာနာ ဟာ အစ်ဆွစ်ချ်တောင်းအသင်းနဲ့ ပွဲက ဂိုးပေါက် ကာကွယ်မှု အတွက် ပရီးမီးယားလိဂ်ရဲ့ နိုဝင်ဘာလ အကောင်းဆုံး ကာကွယ်မှု – Save Of The Match ဆုကို ရရှိခဲ့သွားခဲ့ပါတယ်။
အိုနာနာ က အခုလို Save Of The Match ဆုကို ၃ ကြိမ်တိတိ ဆွတ်ခူးထားခဲ့ပြီး 2023/24 ရာသီနောက်ပိုင်း ယင်းဆုကို အများဆုံးရရှိသည့် ဂိုးသမားလည်းဖြစ်လာပါတယ်။
Whoscore က ထုတ်ပြန်တဲ့ ဒီတပတ် ယူရိုပါလိဂ် တပတ်တာ အကောင်းဆုံး ၁၁ ယောက် အသင်းမှာ မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ပါဝင်လာခဲ့ပါတယ်။
ယူနိုက်တက် ဟာ ဘယ်နောက်ခံလူ Diego León အတွက် သဘောတူညီမှုရခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ ဒေါ်လာ၄ သန်း + အပိုဆုကြေးမှာ ဒေါ်လာ ၁သန်း လို့ သိရပါတယ်။ ဒါ့အပြင် ကစားသမား အနာဂတ်နှင့် စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး ၃.၅ သန်းအထိ အပိုဆုကြေးကို သတ်မှတ်ထားပါတယ်။
Diego León က နောက်နှစ် ဇူလိုင်လမှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီရောက်ရှိလာမှာ ဖြစ်ပါတယ်။
ဒီရာသီ ယူနိုက်တက် ရဲ့ ပရီးမီးယားလိဂ်ပေးဂိုး(18)ဂိုးမှ (7)ဂိုး ဟာ ထောင့်ကန်ဘောတွေကနေ ပေးရခြင်းဖြစ်ပြီး (%) အားဖြင့် (39%) အထိရှိခဲ့ကာ တစ်ခြား သော ပရီးမီးယားလိဂ်ကလပ်တွေထက် အများဆုံးခွင့်ပြုခံနေရကြောင်း သိရပါတယ်။