စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ ဒီည မန်ချက်စတာ ဒါဘီပွဲအတွက် ဘီဘီစီ ခရစ်ဆက်တန် သုံးသပ်ခန့်မှန်းချက်

မန်စီးတီးနဲ့ မန်ယူနိုက်တက်တို့ဟာ ဒီည ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ဒါဘီ ပွဲကောင်း အဖြစ် ထိပ်တိုက်တွေ့နေပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ တနင်္ဂနွေနေ့ ည ၁၁ နာရီ၊ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် ကတော့ စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ မန်ချက်စတာ ဒါဘီပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန် ပွဲကြို သုံးသပ်ချက်

မန်စီးတီးတို့ ယိုင်ထွက်လာတာကို ကျနော်တို့ မြင်လာရပြီ။ စီးတီးက clean sheet တောင် မယူနိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ၁၀ ပွဲမှာလည်း ၁ ပွဲပဲ အနိုင်ရထားပါတယ်။ ဂွာဒီယိုလာကလည်း ပင်ပန်းနေပြီလို့ ပြောလာရတယ်။

အမ်မိုရင်းဟာ စပို့တင်းကို သူ နောက်ဆုံး ကိုင်တွယ်တဲ့ပွဲမှာ မန်စီးတီးကို ၄-၁ ရလဒ်နဲ့ အနိုင် ယူထားခဲ့တယ်။

အိုးထရတ်ဖိုဒ့်ကို သူရောက်လာခြင်းကို ယူနိုက်တက်ပရိသတ်တွေ အရမ်း စိတ်လှုပ်ရှားခဲ့ပေမယ့် တန်ဟက် လက်ထက်ကလို ရုန်းကန်နေရဆဲဆိုတာ သူတို့ သတိပြုမိလာနေပါတယ်။

အခြေခံအားဖြင့် နှစ်စင်းလုံး အခြေအနေ ဆိုးနေတာပါ။ ဒီတော့ ဘယ်အသင်းဘက်ကို နေရမလဲ?

ဒီနှစ်တွေအတွင်း မန်ချက်စတာဒါဘီမှာ မန်စီးတီးဘက်ပဲ ကျနော် နေလေ့ရှိပါတယ်။ ဒီပွဲမှာလည်း အိမ်ကွင်းမှာ စီးတီးတို့ နိုင်သွားမယ် ထင်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

မန်စီးတီး ၃-၁ မန်ချက်စတာ ယူနိုက်တက်။