မန်ယူကြယ်ပွင့်ဟောင်း ပေါ့ဘာက မထင်မှတ်ဘဲ မန်စီးတီးအသင်းထံ ရောက်ရှိသွားနိုင်ဖွယ် ရှိလာ
မန်စီးတီးဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် အားနည်းနေတဲ့ ကွင်းလယ်အား မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ်ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူအားဖြည့်ရန် မထင်မှတ်ဘဲ စီစဉ်နေပါတယ်။
ပေါလ်ပေါ့ဘာဟာ တားမြစ်ဆေးဝါးသုံးစွဲမှုအယူခံအောင်မြင်ပြီးနောက် ၁၈ လပွဲပယ်သာ ခံရမှုနှင့်အတူ လာမယ့် မတ်လတွင် ပြန်လည်ကစားလာနိုင်ပါမယ်။
ပြင်သစ်ကွင်းလယ်ကစားသမားဟာ ပွဲပယ်ခံရပြီးနောက် ဂျူဗင်တပ်ရဲ့ စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီး ကလပ်လက်မဲ့ ဖြစ်နေပါတယ်။
The Independent က လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဟာ ပေါလ်ပေါ့ဘာကို ခေါ်ယူရန် ဆက်သွယ်လာကြောင်း ဖော်ပြလာပါတယ်။
မန်စီးတီးဟာ ၂၀၂၄-၂၅ ရာသီတွင် Ballon d’Or ဆုရှင်ရိုဒရီ ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရမှုနှင့်အတူ ကွင်းလယ်ပြဿနာကြုံနေရပြီး နောက်ဆုံး ၁၀ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရရှိကာ ရုန်းကန်နေရပါတယ်။
တဖက်တွင် ပေါလ်ပေါ့ဘာကိုယ်တိုင်ကလည်း မန်ချက်စတာယူနိုက်တက်တွင် ကစားခဲ့ပေမဲ့ မြို့ခံပြိုင်ဘက်ကလပ် မန်စီးတီးသို့ သွားရောက်ကစားရန် ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။
အသက် ၃၁ နှစ်ရှိ ပေါလ်ပေါ့ဘာကို ယူနိုက်တက်ကစားဖော်ဟောင်းမေဆင်ဂရင်းဝုဒ်ကစားနေတဲ့ မာဆေးကလည်း ဆက်သွယ်မှုများ ပြုလုပ်နေပါတယ်။