ဖာဂီ ခေတ်တုန်းကလို ၃ မိနစ် မန်ယူ ပြန်လာပြီ လို့ ဂုဏ်ယူစွာ ဆိုလိုက်တဲ့ ယူနိုက်တက် နည်းပြ အမ်မိုရင်း

ညက အီတီဟက်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို နောက်ကျ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဖြင့် အနိုင်ရတဲ့နောက် ယူနိုက်တက် နည်းပြအမ်မိုရင်းက ကျေနပ် ဂုဏ်ယူနေခဲ့ပါတယ်။

မန်စီးတီးတို့ ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ဒုတိယပိုင်း ပြီးခါနီး မိနစ်တွေမှ ယူနိုက်တက်ဘက်က ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းခဲ့တာပါ။

အမ်မိုရင်းကတော့ ယူနိုက်တက် အတွက် နာမည်ကျော် ပုံရိပ် တစ်ခု ဖြစ်တဲ့ ယခင်က ပွဲပြီးခါနီးဆို အရမ်းကြောက်ရတဲ့ Fergie time ပြန်ရခဲ့တာလို့ ပွဲအပြီးမှာ ဆိုသွားပါတယ်။

အမ်မိုရင်းက ” မယုံနိုင်စရာပါပဲ။ နိုင်ပွဲက ကျနော်တို့နဲ့ ထိုက်တန်ပါတယ်။ ခက်ခဲတဲ့ပွဲဆိုပေမယ့် ကျနော်တို့ အဆုံးထိ ဆက်ယုံကြည်ခဲ့ပါတယ်။ ဂိုးရအောင် သွင်းနိုင်ခဲ့ပြီး ပရိသတ်အတွက် ကျနော်တို့အတွက် ဒီနိုင်ပွဲကို ကျနော်တို့ လိုအပ်နေတာပါ။

မိနစ် ၉၀ လုံး ပွဲထဲမှာ ကျနော်တို့ ဆက်ရှိနေခဲ့တယ်။ အဲ့တာက သိပ်ကောင်းပါတယ်။ အာဆင်နယ်ပွဲတုန်းကလည်း ကျနော်တို့ ကစားပုံကောင်းပေမယ့် နိုင်မယ်လို့ ယုံကြည်ခဲ့ကြခြင်း မရှိပါဘူး။ ဒီနေ့မှာတော့ နိုင်လိုစိတ် ရှိခဲ့တာက ခြားနားသွားတာပါပဲ။

ကျနော်တို့ အသင်း နိုင်မယ်လို့ကို ယုံကြည်ထားပါတယ်။ အဲ့နောက်မှာ ဖာဂီတုန်းကလို အခိုက်အတန့် (၃ မိနစ် ယူနိုက်တက်) ရလာဖို့ ကျနော်တို့ အတူတကွနဲ့ မှော်ဆန်ဆန် အခိုက်အတန့်တွေကို ဖန်တီးခဲ့ပါတယ်။

အသင်းအတွက် နေ့ကောင်းတစ်ရက်ဖြစ်သလို ပရိသတ်တွေအတွက်လည်း ဖြစ်ခဲ့မှာပါ။ ကျနော်တို့ ရှေ့ဆက်ရမှာပါ။ ဒီလိုပွဲမျိုးတွေကို အသင်း လိုအပ်နေတာ ဖြစ်ပါတယ်။ ” လို့ ပြောသွားတာဖြစ်ပါတယ်။

ဒီပွဲအပြီး မန်စီးတီးဟာ ထိပ်ဆုံး ၄ သင်း အပြင်ဘက်ကို လွှင့်သွားခဲ့ပြီဖြစ်ကာ ယူနိုက်တက်က အဆင့် ၄ အသင်းနဲ့ ၆ မှတ်ကွာ အနေအထားကို ရောက်လာခဲ့တာဖြစ်ပါတယ်။