မန်ယူ ပွဲထွက် လူစာရင်း ပေါက်ကြားမှုအတွက် နည်းပြ အေမိုရင် စိတ်ပျ-က်၊ အသင်းတွင်း စုံစမ်းစစ်ဆေးရေများ ပြုလုပ်နေ

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ အတွင်း သတင်းပေါက်ကြားမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

ဒါဘီပွဲသူရဲကောင်းအေမက်ဒီရယ်လိုနှင့် ယင်းပွဲတွင် ချန်လှပ်ခံရတဲ့ အလီဂျန်ဒရိုဂါနာချိုတို့ဟာလည်း နည်းပြသစ်ရူဘင်အေမိုရင်ရဲ့ စုံစမ်းစစ်ဆေးခြင်းခံရသူတွေထဲမှာ ပါဝင်ပါတယ်။

ယူနိုက်တက်ပွဲထွက်လူစာရင်းမှာ မန်ချက်စတာဒါဘီပွဲမတိုင်မီ ညကတည်းက ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လူစာရင်းပေါက်ကြားမှု ဖြစ်ခဲ့ပေမဲ့လည်း မန်စီးတီးကို နောက်ကလိုက်ကစားကာ နောက်ဆုံးမိနစ်ဂိုးတွေဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက် ပွဲထွက်လူစာရင်းပေါက်ကြားမှုမှာ အလီဂျန်ဒရိုဂါနာချိုရဲ့ အစ်ကိုကြောင့်လည်း စွပ်စွဲမှုလည်း ရှိနေပါတယ်။

ယခင်တုန်းက အလီဂျန်ဒရိုဂါနာချို ပွဲထွက်လူစာရင်းတွင် မပါဝင်စဉ်တုန်းကလည်း ယင်းသို့ ပေါက်ကြားဖူးပါတယ်။

ဒါပေမဲ့ ရောဘတ်တိုကတော့ ယင်းပေါက်ကြားမှုနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။

အေမိုရမ်ဟာ အီတီဟတ်က မန်ချက်စတာဒါဘီနိုင်ပွဲအပြီးတွင် ပွဲမတိုင်မီကတည်းက အသင်းသတင်းပေါက်ကြားမှုအတွက် စိတ်ပျက်ရကြောင်း ဆိုသွားပါတယ်။

အေမိုရမ်က “ဒီသတင်းကို သိတယ်။ ဖော်ထုတ်ဖို့တော့ ခက်တယ်။ ကလပ်မှာ လူတွေကလည်း အများကြီးလေ။ ကစားသမားတွေကလည်း အေးဂျင်နဲ့ စကားပြောကြတယ်။ ဒါက ကောင်းတဲ့အရာတော့ မဟုတ်ဘူး”လို့ ပြောကြားသွားပါတယ်။

အေမိုရမ်ဟာ စည်းကျော်တဲ့ မည်သည့်ကစားသမားမျိုးကိုမဆို ချန်လှပ်ရန် ဝန်မလေးကြောင်း သက်သေပြထားပြီးလည်း ဖြစ်ပါတယ်။

သူဟာ အသင်း လေ့ကျင့်ရေးမှာ ဆိုးရွားခဲ့တဲ့ ဂါနာချိုနှင့် ရက်ဖို့ဒ်တို့အား မန်စီးတီးနှင့်ပွဲ လူစာရင်းမှ ချန်လှပ်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။