ဂုဏ်ယူဖွယ်ဆု ရသွားတဲ့ ဂါနာချို၊ အာဆင်နယ်ကို တိုင်ထားခြင်း၊ ထွက်ချင်နေတဲ့ ရက်ဖို့ဒ်နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ
အရောင်း တင်ခံရမယ် သတင်းထွက်နေတဲ့ ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ အသင်းမှ ထွက်ခွါဖို့ ပြင်ဆင်နေပြီး စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်လိုနေပါတယ်။
ယူနိုက်တက်တောင်ပံကစားသမား ဂါနာချိုရဲ့ နောက်ပြန်ကန်ချက်ကလည်း ဖီဖာရဲ့ ၂၀၂၄ အလှဆုံး Puskas ဆု ရရှိခဲ့ပါတယ်။ ဒီဆုဟာ ဂန္တဝင်ကစားသမား စီရော်နယ်ဒိုနောက်ပိုင်း ရရှိခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေထဲက ဆုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူး ဇက်ဇီး ရဲ့ အေးဂျင့်ဟာ ကစားသမားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး နည်းပြ အမိုရင်နဲ့ ထိပ်တိုက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မန်ယူနိုက်တက် အသင်းဟာ အက်ဖ်အေ ဖလား မှာ တွေ့ဆုံ နေတဲ့ ပွဲစဉ် အတွက် အာဆင်နယ် အသင်းရဲ့ လက်မှတ် ခွဲတမ်း ချပေးမှုကို မကျေနပ်တာကြောင့် အက်ဖ်အေ ထံ သတင်းပို့ တိုင်ကြားထားတယ်လို့ သိရပါတယ်။
အာဆင်နယ် အသင်း ဟာ မန်ယူနိုက်တက် အသင်း ရဲ့ ရရမယ့် လက်မှတ်ခွဲတမ်း ၉၀၀၀ (၁၅%) ပေးရမယ့် အစား လုံခြုံရေး အကြောင်းပြချက်ကြောင့် ၈၀၀၀ အောက်သာ ပေးဖို့ ရည်ရွယ်ထားတာကြောင့် မန်ယူနိုက်တက် က ခုလို သတင်းပို့ တိုင်ကြား ထားတာ ဖြစ်ပါတယ်။
ယူနိုက်တက် ဟာ မိုင်နူး၊ ဒီယာလို၊ မာဇာရာဝီ၊ ဒီလစ်၊ ယိုလို နှင့် အိုနာနာ တို့ကလွဲပြီး ကျန်ကစားသမားတွေအတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးရခဲ့ရင် ရောင်းထုတ်ဖို့ စီစဉ် ထားကြောင်း သိရပါတယ်။
မန်ချက်စာ ဒါဘီ နိုင်ပွဲကြောင့် နည်းပြ အမော်ရင်ဟာ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်နောက်ပိုင်း ပထမဆုံး မန်ချက်စတာဒါဘီပွဲမှာ အနိုင်ရခဲ့တဲ့ ဒုတိယမြောက် ယူနိုက်တက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။