မန်ချက်စတာ ယူနိုက်တက် စတားကို အသင်းကနေ ထွက်သွားဖို့ တိုက်တွန်းလိုက်တဲ့ ရွိုင်ကိန်း

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် အနေနဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ပြီး စိန်ခေါ်မှု အသစ်တွေ ရှာဖွေသင့်နေပြီ လို့ ထုတ်ဖော်တိုက်တွန်း လိုက်ပါတယ်။

အသက် ၂၇ နှစ် အရွယ် အင်္ဂလန်သားကို လာမယ့် ဇန်နဝါရီ ဈေးကွက်မှာ ယူနိုက်တက်က အရောင်းတင် မယ်လို့လည်း သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

ရက်ဖို့ဒ်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ကြယ်ပွင့် တစ်ဦး ဖြစ်ပြီး စီနီယာ အသင်းကြီး အတွက် ပွဲ ၄ဝဝ ကျော် ပါဝင် ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။

” သူ (ရက်ဖို့ဒ်) အတွက် အခြေအနေတွေက သိပ်မကောင်းတော့ဘူး။ ကစားသမား တစ်ယောက် အနေနဲ့ ပိုသင့်တော်တဲ့ ကလပ်၊ စိန်ခေါ်မှု အသစ် တစ်ခုကို မားကပ် ရှာဖွေသင့်ပါပြီ။

သူ ဒီမှာ ကစားခဲ့တာလည်း အတော်ကြာပြီ။ ဒီလို ကလပ်အသင်းကြီးမှာ ကစားဖို့ဆို သူ့ attitude က မကိုက်ညီဘူး။ သူ ဒီတလောမှာ တော်တော်လည်း မကောင်းပါဘူး။ တခါတလေကျ လမ်းခွဲလိုက်တာ ပို ကောင်းဖို့ ဖြစ်လာနိုင်ပါတယ်။

နည်းပြ အမ်မိုရင်းကလည်း ရက်ဖို့ဒ်ဆီမှ သူ သဘော မကျတာ တစ်ခုခု သေချာပေါက် ရှိနေပုံလည်း ရပါတယ်။ ” လို့ ရွိုင်ကိန်းက ပေါ်တင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။