တန်ဟက် တပည့်ကျော်ကို မန်ယူ အပြ-တ် ရောင်းထုတ်ဖို့ တိုက်တွန်းလိုက်တဲ့ လက်ထောက်နည်းပြဟောင်း
မန်ချက်စတာယူနိုက်တက် လက်ထောက် နည်းပြဟောင်း ရီနီ မူလန်စတင်းက အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အန်တိုနီနဲ့ ပတ်သက်ပြီး ဆုံးရှုံးမှုတွေကို ဖြတ်တောက်ဖို့ စဉ်းစားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အန်တိုနီဟာ ၂၀၂၂ ခုနှစ်မှာ တန်ဟက်ကြောင့် အိုင်းယက်စ်အသင်းကနေ ပေါင် ၈၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့အတူ ပရိသတ်တွေဆီကနေ မြင့်မားတဲ့ မျှော်မှန်းချက်တွေကြောင့် ဖိအားတွေနဲ့ စတင်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်မျိုး လက်ရှိအချိန်အထိ မပြသနိုင်ခဲ့ဘဲ ၂ နှစ်ခွဲအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
မကြာသေးမီက သတင်းတွေအရ မန်ယူနိုက်တက်ဟာ အန်တိုနီနဲ့ပတ်သက်ပြီး စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီဖြစ်ပြီး လာမယ်ံ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘရာဇီးလ်တောင်ပံကစားသမားကို ရောင်းထုတ်တော့မယ်လို့ သိရပါတယ်။
၂၀၀၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အားထားယုံကြည်ရတဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မူလန်စတင်းက လာမယ့်လမှာ အန်တိုနီကို ရောင်းထုတ်ဖို့ စဉ်းစားသင့်တယ်လို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
“မန်ယူနိုက်တက်က အန်တိုနီကြောင့် ဆုံးရှုံးနစ်နာမှုတွေကို ဖြတ်တောက်ပစ်ဖို့ ဇန်နဝါရီလမှာ လုပ်ဆောင်ရမယ်။ ဘာလို့လဲဆိုတော့ သူက ရူဘင် အမိုရင်လိုချင်တဲ့ အရည်အချင်းမျိုး ရှိမယ်လို့ ကျွန်တော် မထင်လို့ပါ။ သူ ဒီအသင်းမှာ ဘယ်နေရာမှာမှ အံဝင်မယ်မထင်ဘူး။
သူက ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ သူက ဒတ်ချ်လိဂ်ကနေ ပြောင်းလာမယ့်ကစားသမားတွေအတွက် နောက်ထပ် ဥပမာတစ်ခုပါ။
ခင်ဗျား ဒတ်ချ်လိဂ်မှာဆို ၁၀ ပွဲမှာ ၇ ပွဲလောက် အနိုင်ရရင် အေးဆေးပဲ။ ပရီးမီးယားလိဂ်မှာတော့ ခင်ဗျား ဝင်ကစားတဲ့ ပွဲတိုင်းမှာ ထိပ်တန်းအဆင့်ဖြစ်နေရမယ်။ “လို့ ပြောကြားခဲ့ပါတယ်။