တိုက်စစ်မှုး မားကပ် ရက်ရှ်ဖို့ဒ်နဲ့ ပတ်သတ်ပြီး သူ့သဘေားထားကို ထုတ်ဖော် အသိပေးလိုက်တဲ့ နည်းပြ အမိုရင်
မန်ယူအသင်း နည်းပြ အမိုရင်ကတော့ အသင်းမှ ထွက်ချင်နေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အသင်းမှာ ဆက်နေဖို့ တိုက်တွန်းသွားခဲ့ပါတယ်။
စိန်ခေါ်မှု အသစ်တွေ လိုချင်နေတဲ့ ရက်ရှ်ဖို့ဒ်ဟာ အသင်းမှ ထွက်ခွါလိုနေသလို အမိုရင် ကိုယ်တိုင်ကလည်း တပည့်ဟောင်း ဂိုကာရက်စ်ကို ခေါ်ယူဖို့ ရက်ရှ်ဖို့ဒ်ကို ရှင်းထုတ်လိုနေပေမယ့် ကစားသမားအတွက် ကြိုးစားဖို့ လမ်းစဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
အထူးသဖြင့် မန်စီးတီးနဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရပြီးနောက် ရက်ရှ်ဖို့ဒ်တစ်ယောက် မန်ယူအသင်းမှ ထွက်ခွါဖို့ ပိုမို သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး အသင်းအတော်များများကလည်း အဆိုပါ အဂ်လန်သားကို စောင့်ကြည့်နေကြပါတယ်။

အမိုရင်က “ ရက်ရှ်ဖို့ဒ်က အလားအလာရှိတဲ့ ကစားသမား ဖြစ်သလို အဲ့ဒီလို ကစားသမားတွေကို အသင်းက လိုအပ်နေပါတယ်၊ သူ့အနေနဲ့ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကိုတော့ ပြသဖို့ လိုနေတာပေါ့ဗျာ။
ကျွန်တော် သူ့ကို ကူညီပေးချင်နေသလို သူရှိရင် အသင်းက ပိုကောင်းတာ အမှန်ပါပဲ၊ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးတွေ ထွက်ပေါ်လာအောင် ကူညီပေးဖို့ က ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်ပါပဲ၊ ကျွန်တော်တို့ ဆီမှာ စိန်ခေါ်မှုအသစ်တွေ ရှိနေပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ရက်ရှ်ဖို့ဒ် အပြင် ဂနာချိုကိုပါ ရှင်းထုတ်ဖို့ ကြိုးစားနေကြောင်း သတင်းထွက်ပေါ်နေပြီး လာမယ့်ဆောင်းရာသီအတွင်း တိကျတဲ့ အဖြေတစ်ခု ထွက်ပေါ်လာနိုင်ပါတယ်။