ဒီည စပါးနဲ့ ကာရာဘောင်းပွဲ ကန်ဖို့ လန်ဒန်သို့ ထွက်ခွာသွားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း လူစာရင်း
ဒီည တော့တင်ဟမ် စပါးနဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲ ကန်ဖို့ မန်ချက်စတာ ယူနိုက်တက် အသင်း ကစားသမားတွေ လန်ဒန်သို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စီးတီးနဲ့ ပွဲမှာ ရက်ဖို့ဒ်၊ ဂါနာချို တို့ ယူနိုက်တက် လူစာရင်းကနေ ချန်ထားခံခဲ့ရပြီး ဒီည ပွဲအတွက်မှာတော့ ဂါနာချိုက ပြန်လည် ပါဝင်လာခဲ့ပါတယ်။
ဒီည စပါးနဲ့ ရင်ဆိုင်ဖို့ လန်ဒန်သို့ ထွက်ခွာသွားတဲ့ ယူနိုက်တက် လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဂိုးသမား – အိုနာနာ၊ ဘေယင်ဒါ၊ ဟီတန်။
ခံစစ် – ဒါလော့၊ မာဇဝါရီ၊ ယိုရို၊ ဒီလစ်၊ မက်ဂွဲရား၊ လင်ဒီအော့၊ အီဗန်၊ မာတီနက်စ်၊ မာလာစီယာ။
ကွင်းလယ် – အူဂါတီ၊ ကာဆီမီရို၊ ဖာနန်ဒက်စ်၊ အဲရစ်ဆန်၊ မိုင်နူး။
တိုက်စစ် – အန်တိုနီ၊ ဂနာချို၊ ဇက်ဇီး၊ ဟွိုင်လန်း၊ အာမတ်။
ယူနိုက်တက်ရဲ့ ဒီည ကာရာဘောင်း ပြိုင်ဘက် တော့တင်ဟမ် စပါးဟာ ၂ဝဝ၈ မှာ လိဂ်ဖလား တစ်လုံး ရခဲ့တာ နောက်ဆုံး ဖြစ်ပြီး ဖလားမရတာ အတော်ကြာနေတဲ့ အသင်း ဖြစ်ပါတယ်။
ယူနိုက်တက်ကတော့ နည်းပြ တန်ဟက် ရှိစဉ် ပြီးခဲ့တဲ့ရာသီက အက်ဖ်အေ ဖလား တစ်လုံး ရထားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ အပယ်ခံ ဖြစ်လာတဲ့ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ကတော့ ဒီည စပါးအသင်းနဲ့ ကာရာဘောင်းပွဲ ရင်ဆိုင်မယ့် ယူနိုက်တက် လူစာရင်းကနေ ချန်လှပ်ခံထားရပြန်ပါတယ်။
ရက်ဖို့ဒ်ဟာ တစ်ပတ် လုပ်ခ ပေါင် ၃သိန်း ၇သောင်းခွဲထိ ရတဲ့ အသင်းရဲ့ လစာအမြင့်ဆုံး ကစားသမား ဖြစ်သော်လည်း နည်းပြ အမ်မိုရင်းရဲ့ သဘောမကျမှုနဲ့ အတူ ဇန်နဝါရီမှာ အရောင်းချခံရဖွယ် ရှိနေတာပါ။