ဂိုးသမား ကောင်းမှု အကြောင်းပြုကာ ကာရာဘောင်းဖလား ကွာတားကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက တော့တင်ဟမ် စပါးအသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်တဲ့ ကာရာဘောင်း ပွဲမှာ ၄-၃ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

သွင်းဂိုးတွေကတော့ စပါး အတွက် ⚽⚽ Solanke 15′ 54′ ⚽ Kulusevski 47′ ⚽ Son Heung Min 88′ တို့ သွင်းယူပြီး မန်ချက်စတာ ယူနိုက်တက် အတွက်ကိုတော့ ⚽ Zirkzee 63′ ⚽ Amad 70′ ⚽ Evans 90+5′ တို့ အသီးသီး သွင်းခဲ့တာပါ။

ပွဲပြီးခါနီးထိ အပြန်အလှန် ဂိုးတွေ သွင်းယူရင်း ပွဲက အကြိတ်အနယ် ရှိခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဂိုးသမားကောင်းမှု အကြောင်းပြုပြီး ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ကနေ ထွက်လိုက်ရပါတယ်။

နိုင်လိုစိတ် ပြင်းထန်တဲ့ စိတ်ဓာတ်ပိုင်း ကောင်းမွန်ပေမယ့် ကစားသမားအပြောင်းအလဲတွေ လုပ်ထားတဲ့ ယူနိုက်တက်တို့ ဒီပွဲမှာ ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပါတယ်။

စပါးက သုံးဂိုးပြတ်နဲ့တောင် ဦးဆောင်နိုင်ခဲ့ပြီး ယူနိုက်တက်တို့ နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ၃-၂ ဂိုး ဖြစ်သွားချိန်မှာ ယူနိုက်တက်ပရိသတ်တွေက အသင်းပြန်လာနိုင်တော့မယ်လို့ပဲ တွေးခဲ့တာပါ။

ဒါပေမယ့်လည်း ဒီပွဲမှာ ယူနိုက်တက်အတွက် ပွဲထွက်လာတဲ့ အရန်ဂိုးသမား ဘာယင်ဒါ အမှားအယွင်း ထပ်ဖြစ်ခဲ့တာကြောင့် ၄-၂ ဂိုးဖြစ်၊ အီဗန်စ်ရဲ့ ပွဲပြီးခါနီး ချေပဂိုးပဲ ပြန်ရခဲ့လို့ ၄-၃ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။

ပြိုင်ပွဲက ထွက်လိုက်ရပေမယ့် ဒီပွဲမှာ ယူနိုက်တက်ရဲ့ စိတ်ဓာတ်ပိုင်း၊ ကစားအားပိုင်း အားရစရာတွေ ရှိခဲ့ပါတယ်။